အပိုင်း(၂၇) ကျောင်းသားသစ်စာမေးပွဲပြီးဆုံးခြင်း

32 7 0
                                    

စင်မြင့်ရဲ့အပြင်ဘက်မှာ တိတ်ဆိတ်မှုက အချိန်အတော်ကြာကြီးစိုးနေခဲ့ပြီးမှ အလွန်ကျယ်လောင်တဲ့အားပေးသံတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ များစွာသောလူငယ်လေးတွေနဲ့ မိန်းခလေးတွေက စင်မြင့်ပေါ်မှ ပိန်ပိန်ပါးပါးလူငယ်လေးကို ကြည့်နေလျက်မှ သူတို့ရဲ့မျက်လုံးတွေထဲမှာ စိတ်အားထက်သန်မှုတွေဖြင့် ပြည့်နှက်နေပေသည်။ စွမ်းအင်ဝင်ပေါက်ဖွင့်ခြင်းကို မပြုလုပ်နိုင်သေးဘူးလို့ထင်ရတဲ့ သူတို့ရဲ့မင်းသားလေးက ဒီနေ့မှာ ဒီလိုမျိုးအံ့အားသင့်ဖွယ်ကောင်းအောင် စွမ်းဆောင်ပြနိုင်လိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ စိတ်ကူးတောင်မယဉ်ဘူးခဲ့ပေ။

အခုအချိန်မှာတော့ သူတို့အားလုံးက ဇူယွမ်ဟာ ကုန်လွန်ခဲ့တဲ့အချိန်တွေမှာ သူ့ရဲ့ခွန်အားကို ဖုံးကွယ်ထားခဲ့သည်ဆိုတာကို ယုံကြည်ခဲ့လိုက်မိသည်။

ဇူယွမ်က စင်မြင့်အောက်က အားပေးသံတွေကို ကြားလိုက်ရသည့်အခါ အနည်းငယ်ပြုံးလိုက်မိသည်။ သူကအားပေးနေတဲ့ ပရိတ်သတ်ကို လက်နှစ်ဖက်ဆုပ်၍ အသိအမှတ်ပြုခဲ့လိုက်ပြီး စင်မြင့်ပေါ်မှထွက်ခွာလာခဲ့ကာ စုယုဝေထံသို့လျှောက်လှမ်းလာခဲ့လိုက်သည်။

စုယုဝေက သူ့ကို တစ်လျောက်လုံး မျက်တောင်မခတ်တမ်းစိုက်ကြည့်နေတာကို မြင်လိုက်ရသည့်အခါ ဇူယွမ်တစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်ရင်းမှ ပြောသည်... "အိုး... ငါ့ရဲ့အလှလေးက ငြိမ်ချက်သားကောင်းလှပါလား..."

စုယုဝေရဲ့မျက်နှာက အနည်းငယ်နီရဲသွားခဲ့ရသည်။ သူမက ခပ်တိုးတိုးကျိန်ဆဲလိုက်ရင်းမှ နှာခေါင်းတစ်ချက်ရှုံ့ကာပြောသည်... "နင့်ရဲ့ဖုံးကွယ်ထားတဲ့စွမ်းရည်က ထိပ်တန်းအဆင့်မှာ ရှိနေတာပဲ..."

အစောပိုင်းက ဇူယွမ်နဲ့လင်ဖုန်း ယှဉ်ပြိုင်နေခဲ့တစ်လျောက်လုံးမှာ သူမကလွန်စွာစိုးရိမ်နေခဲ့ရပေသည်။ ဘယ်သူကများ ဇူယွမ်ရဲ့လက်ထဲမှာ အံ့အားသင့်စရာကောင်းတဲ့ ဝှက်ဖဲများစွာရှိနေလိမ့်မယ်လို့ ထင်ထားမိမှာလဲ။ ဒါ့အပြင် လင်ဖုန်းကလည်း သူ့ရဲ့လက်ထဲမှာ ရှုံးနိမ့်သွားခဲ့လိမ့်မယ်လို့ စိတ်ကူးပင်မယဉ်ခဲ့ဘူးပေ။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now