အပိုင်း(၃၀) တတိယမြောက်စွမ်းအင်ဝင်ပေါက်ပွင့်ခြင်း

34 6 0
                                    

ဗွမ်း...

ဇူယွမ်ရဲ့စိတ်လှုပ်ရှားနေတဲ့မျက်နှာက ရေကန်ထဲမှ ထွက်ပေါ်လာခဲ့သည်။ သူက ကြီးမားတဲ့ကျောက်စိမ်းဝိညာဉ်ရေတံခွန်ကြီးကို ကြည့်နေသကဲ့သို့ သူ့ရဲ့မျက်လုံးထဲမှာလည်း ရူးသွပ်မှုတွေနဲ့ ပြည့်နှက်နေရပေသည်။ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး အနီးအနားက သတ္တုဓာတ်စွမ်းအင်တွေကို စုပ်ယူနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ထင်မှတ်ထားခြင်းမရှိပေ။

တခြားလူတွေက သူတို့ရဲ့ခန္ဓာကိုယ်ကို ရေတွေနဲ့ထိရိုက်ခံပြီးမှသာ သတ္တုဓာတ်စွမ်းအင်ကို စုပ်ယူနိုင်မည်ဖြစ်ပေမဲ့လည်း သူ့ရဲ့စွမ်းရည်ကို အသုံးချပြီး စုပ်ယူရရှိတဲ့နှုန်းက လွန်စွာမှပင်မြင့်မားလှသည်။ ဒီနှစ်ခုကြားခြားနားမှုကို ပြောဖို့ရန်ပင်မလိုအပ်ပေ။

"ဒီနှုန်းအတိုင်းသာဆိုရင် ငါ့ရဲ့တတိယမြောက်စွမ်းအင်ဝင်ပေါက်ကို ရက်အနည်းငယ်အတွင်းမှာပဲ ဖွင့်နိုင်လိမ့်မယ်..."

ဇူယွမ်ရဲ့ခန့်မှန်းချက်အရ သူ့ရဲ့တတိယမြောက်စွမ်းအင်ဝင်ပေါက်ကို ဖွင့်လှစ်နိုင်ဖို့က လဝက်ဒါမှမဟုတ် ဒီထက်ပို၍ကြာနိုင်ပေလိမ့်မည်။ ဒါပေမဲ့အခုအချိန်မှာတော့ သူ့ရဲ့အမြင်အရ အချိန်ထက်ဝက်လောက်ကို ပိုပြီးမြန်ဆန်သွားရပေတော့မည်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရဲ့ အကျိုးသက်ရောက်မှုကို မြင်တွေ့နိုင်ပေသည်။

"ဒါက ဖွဲ့စည်းခြင်းအဆင့်စိတ်ဝိညာဉ်ရဲ့ ကျေးဇူးကြောင့်ပဲ..."

ဇူယွမ် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ အခြားကျောင်းသားတွေအနေနဲ့ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကို သိရှိနိုင်လိမ့်မည်မဟုတ်ဘဲ သူတို့ရဲ့စိတ်ဝိညာဉ်က သူ့လောက်သန်မာလိမ့်မည်မဟုတ်သည့်အတွက် ပုံမှန်အားဖြင့် သတ္တုဓာတ်စွမ်းအင်ကို အာရုံခံစားနိုင်လိမ့်မည်မဟုတ်ဘဲ ၎င်းတို့ကိုများစွာ စုပ်ယူနိုင်လိမ့်မည်မဟုတ်ပေ။

ဗွမ်း...

ဇူယွမ်ပျော်ရွှင်စွာ တွေးတောနေစဉ်မှာပင် လူရိပ်တစ်ခုက သူ့ဘေးမှရေထဲကို ပြုတ်ကျလာခဲ့သည်။ ခေါင်းတစ်လုံးက ထွက်ပေါ်လာခဲ့ရပြီး ၎င်းကစုယုဝေပင်ဖြစ်သည်။ သူမရဲ့လှပတဲ့မျက်နှာလေးက အနည်းငယ်ဖြူဖျော့နေကာ သူမလက်ကောက်ဝတ်ပေါ်က ဒဏ်ရာဒဏ်ချက်တွေအားလုံးကို မြင်တွေ့နိုင်ပေသည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now