ဒီနေ့ကကျောင်းစသွားရမဲ့ရက်ဒါပေမဲ့ပုံမှန်ရက်တွေလိုနေမသာပဲအုံ့မှိုင်းနေတဲ့ရာသီဥတုနဲ့အေးတိအေးစက်ပတ်ဝန်းကျင်ကြောင့်တက်ကြွနေရမဲ့အစားဂျဲနိုပျင်းတိပျင်းရွဲသာဖြစ်နေမိသည်။အဖေဖြစ်တဲ့သူရဲ့အလုပ်ကြောင့်တစ်နှစ်တက်ခဲ့ပြီးတဲ့ universty ကိုစွန့်ခွာလို့ ဆိုးလ်ကနာမ်မည်ကြီးကျောင်းတစ်ကျောင်းကိုဒုတိယနှစ်မှပြောင်းလာရခြင်းဖြစ်သည်ပတ်ဝန်းကျင်အသစ်နဲ့ထိတွေ့ရမှာပေမဲ့ငယ်ငယ်ကကွဲသွားတဲ့သူငယ်ချင်းကထိုကျောင်းမှာရှိနေတာကြောင့်အပေါင်းအသင်းအသစ်တွေကြောင့်စိတ်လှုပ်ရှားရမှာကိုသိပ်စိုးရိမ်စရာမလိုပေ။လွယ်အိတ်ကြိုးကိုတစ်ဖက်တည်းလွယ်လို့ကျောင်းပေါက်ဝကနေစောင့်နေတဲ့သူငယ်ချင်းဖြစ်သူစီဂျဲနိုအေးအေးဆေးဆေးလျှောက်သွားလိုက်သည်
" အီဂျဲနိုတို့ဝီရိယမရှိလိုက်ပုံများကျောင်းသားသစ်ကစောစောစီးစီးကြိုမရောက်နှင့်ဘူး "
အညိုရောင်ဆံပင်များကိုဖြောင့်ဆင်းထားပြီးအားလုံးကိုဖြန့်ချထားကာခပ်ပြုံးပြုံးနဲ့ဂျဲနိုကိုလှမ်းစနေတဲ့ရှီယောင်းကငယ်ငယ်ကသွားကျိုးလေးနဲ့ပေတူးတာခဲ့တာသူမဟုတ်သလိုခုတော့အတော်အသင့်လှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့ပြီ
" စောစောလာပြီးဘာလုပ်ရမှာလဲပျင်းဖို့ကောင်းအောင် "
" ဟမ့်ဒီနေ့စာမသင်လောက်ဘူးကျောင်းထဲလိုက်ပြမယ် "
" မသွားချင်ပါဘူးအညောင်းခံပြီးပျင်းစရာ "
" အီဂျဲနိုကတော့တကယ်ပဲပြောစရာတောင်မရှိဘူးအဲ့တာစိုကန်တင်းသွားမှာကျောင်းအကြောင်းနည်းနည်းပါးပါးပြောပြမယ် "
" သဘောဟယ်သွားသွား "
နှစ်ယောက်သားကန်တင်းကိုအတူတူသွားနေပေမဲ့
ဂျဲနိုကလဲသူ့ဘာသာဖာသိဖာသာနဲ့သွားနေသလို
ရှီယောင်းကလဲသူ့ဘာသာဟိုကြည့်ဒီကြည့်နဲ့သွားနေကျတာကြောင့်နှစ်ယောက်သားကဘေးချင်းယှဥ်လျှောက်နေပေမဲ့စကားတစ်ခွန်းမှမပြောမိကျပေ။ဒါပေမဲ့လူတစ်ချို့ကတော့သူတို့ကိုကွက်ကြည့်ကွက်ကြည့်လုပ်နေသေးသည်

YOU ARE READING
I beg your pardon
Fanfictionနာကျင်မှုစိုတာဘာလဲသိအောင်ပြပေးရမလား အရေပြားပေါ်မှာရောနှလုံးသားထဲမှာပါ