အပိုင်း(၃၂) ရေခဲနှင့်မီးမူလစုစည်းခြင်းမှော်စာလုံး

29 6 0
                                    

တော်ဝင်ဇူကျောင်းတော်ထဲမှာလည်း အချိန်ရေစီးကြောင်းက လျင်မြန်စွာစီးဆင်းသွားခဲ့ရသည်။ မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် လဝက်ဆိုတဲ့အချိန်ကို ကျော်လွန်သွားခဲ့သည်။

ဒီလဝက်အတွင်းမှာ ဇူယွမ်က ပါရမီရှင်အတန်းရဲ့လေ့ကျင့်မှုပုံစံနဲ့ တဖြည်းဖြည်းအသားကျလာခဲ့သည်။ သို့ပေမဲ့လည်း သူ့ရဲ့တတိယမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ပြီးနောက်မှာ ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရဲ့ အကျိုးသက်ရောက်မှုက အနည်းငယ်လျော့ကျသွားခဲ့ရသည်။ ဒီလိုကိစ္စမျိုးဖြစ်ခဲ့ရသော်လည်း သူ့ရဲ့လေးခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးက သတ္တုဓာတ်စွမ်းအင်အကူအညီနဲ့ ဖြည်းဖြည်းချင်းလျော့ပါးလာခဲ့သည်။

လေးခုမြောက်ဝင်ပေါက်လုံးဝပွင့်သွားဖို့က အချိန်တစ်ခုတော့ လိုအပ်ပေသည်။

တစ်ရက်မှာတော့...

နံနက်စာစားပြီး နန်းတော်အတွင်းမှ ထွက်ခွာလာတဲ့ဇူယွမ်က ပန်းခြံအတွင်းမှ လှပတဲ့ပုံရိပ်ကလေးကို မြင်လိုက်ရသည့်အခါ သူ့ရဲ့နှလုံးသားက အနည်းငယ်လှုပ်ရှားသွားခဲ့ရသည်။

တော်ဝင်ဇူကျောင်းတော်ထဲမှာ ကျောက်စိမ်းဝိညာဉ်ရေတံခွန်က ဒီနေ့နောက်တစ်ကြိမ်ထပ်ဖွင့်ပေလိမ့်မည်။ သို့ပေမဲ့လည်း သတ္တုဓာတ်စွမ်းအင်တွေက သူ့ခန္ဓာကိုယ်နဲ့ တဖြည်းဖြည်းယဉ်ပါးလာသည်နှင့်အမျှ ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရဲ့ အကျိုးသက်ရောက်မှုက ဇူယွမ်အတွက် အနည်းငယ်လျော့ကျသွားခဲ့ရသည်။

ဒါ့ကြောင့်ပဲ ဇူယွမ်က သူပိုပြီးသန်မာလာဖို့အရေး အခြားနည်းလမ်းတွေကို စဉ်းစားလာရသည်။

"ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲ ဝင်ရောက်တဲ့အချိန်တိုင်း ငါ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ မူလစုစည်းခြင်းမှော်စာလုံးတစ်ခုရေးဆွဲခဲ့ရတယ်... အစ်မကြီးယောင်ယောင်ရဲ့ မူလမှော်စာလုံးရေးသားခြင်းစွမ်းရည်က အရမ်းကိုမြင့်မားပြီး ကျောင်းတော်က မူလမှော်စာလုံးရေးသားတဲ့ဆရာထက် များစွာသာလွန်တယ်... သူမက ပိုပြီးအကျိုးရှိစေနိုင်တဲ့ အဆင့် ၁ မူလစုစည်းခြင်းမှော်စာလုံးကို သိခဲ့မယ်ဆိုရင် ဒါက ငါ့အတွက်ပိုပြီးအကျိုးရှိစေနိုင်တယ်... တကယ်လို့သူမသာ ဒီလိုမျိုးရေးဆွဲနိုင်မယ်ဆိုရင် ငါ့ရဲ့သတ္တုဓာတ်စွမ်းအင်စုပ်ယူနိုင်တဲ့စွမ်းရည်က နောက်ထပ်မြင့်မားတဲ့အဆင့်တစ်ခုကို မြင့်တက်သွားရလိမ့်မယ်..." သူက ဒါကိုတွေးလိုက်မိသည့်အခါ ဇူယွမ်ရဲ့မျက်လုံးတွေက အနည်းငယ်တောက်ပလာခဲ့ကာ ပန်းခြံထဲမှ ကျောက်တုံးအိမ်လေးရှိရာသို့ လျင်မြန်စွာပဲ လျှောက်လှမ်းသွားခဲ့လိုက်မိသည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now