September 1
အကြိမ်ရေများစွာ ပေးထားတဲ့ နိုးစက်သံကြောင့် jimin အိပ်ယာကနေ ကုန်းရုန်းထလိုက်သည် ။
ဒီလို နေ့မျိုးမှာမှ သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရတယ်လို့။
ထို့နောက် လေ အလျင်လို အိပ်ယာဘေးက မီးခလုတ်ကို ဖွင့်လိုက်ရင်း စားပွဲပေါ်က ဖုန်းကို ယူလိုက်သည် ။ကွတ်တိ ဆိုသလို အချိန်က ည၁၂နာရီ...
ဒီနေ့ ဒီရက်ကတော့ သူ့အတွက် ထူးခြားတဲ့နေ့လေးဘဲ။
ဘာလို့ဆို သူ့ချစ်သူလေးရဲ့ မွေးနေ့လေ။မွေးနေ့က နှစ်တိုင်းဘဲကို ဘာထူးခြားလို့လဲ ဆိုရင် ဒီနှစ်ကျတော့ သူငယ်ချင်းအနေနဲ့ မဟုတ်ဘဲ အဆင့်တိုးပြီး ချစ်သူ တစ်ယောက်အနေနဲ့ အတူတူဖြတ်သန်းရမှာလေ။
ထို့နောက် အလွတ်ရနေတဲ့ နံပါတ်လေးဘဲ စာတိုလေးစီကာ ပို့လိုက်သည်။အခုချိန် jackက အိပ်ပျော်နေရောပေါ့။
Night senceတွေဆက်ရက်နေလို့ တခါတလေ မိုးလင်းရတဲ့နေ့တွေတောင်ရှိသေးတယ်။
နောက်ပြီး ခရီးကအပြန် သူတို့မတွေ့တာ 3လလောက်ရှိပြီဆိုတော့ သူ jackကို မတရားလွမ်းနေပြီ။
တနေ့တနေ့ စာတိုလေးနဲ့ အချိန်ရရင် လေလှိုင်းထဲက jackရဲ့ အသံချိုချိုလေးတွေနဲ့ဘဲ ဖြတ်သန်းလာရတာ။
မနက်ကျရင်တော့မွေးနေ့လက်ဆောင်အနေနဲ့ အတိုးချကာ အချစ်တွေ အနမ်းတွေပေးပြစ်မယ်လို့ ကျုံးဝါးရင်း jiminလည်း ပြန်အိပ်လိုက်တော့သည်။
အတွေးနဲ့တင်ကြည်နူးမိတာကြောင့် တကိုယ်လုံးကို စောင်နဲ့ပတ်ကာ တဟိဟိ နဲ့ရယ်နေသေးသည်။
သူ မနက်ကို မြန်မြန်ရောက်ချင်နေပြီ။----------
အရှေ့မှန်ရဲ့ မျက်နှာပြင်မှာ ထင်ဟပ်နေတဲ့ jungkook,ရဲ့ပုံရိပ်က အရမ်းဆွဲဆောင်မှုရှိသည်။
ဒီ seriesမှာ သူ့ရဲ့chracterက ခပ်ဆိုးဆိုး လူငယ်တယောက်ရဲ့ ဇာတ်ရုပ်မို့ သူသည်လည်း ခပ်မိုက်မိုက်လေးဖြစ်အောင် ပြင်ဆင်နေရသည် ။
နဂိုရှိပြီးသားရုပ်ရည်ကြောင့် ဘာမှတော့ ေထွထွေထူးထူးပြင်စရာမလိုပါဘူး။အဝတ်စားနဲ့ ဆံပင်ပုံစံချိန်းလိုက်တာ လုံးဝperfectဘဲ။
ထို့နောက် တစ်ဦးတည်းသော ချစ်သူလေးပို့ထားတဲ့ မွေးနေ့ စာတိုလေးကိူကြည့်လိုက်သည် ။ခရီးက ပြန်လာပြီးတော့ သူတို့နှစ်ယောက် မေတွ့ရရင် မနေနိုင်ဘူးလို့ပြောရင် ပိုတယ်လို့ပြောကြမလား။ဒါပေမယ့်လည်း ဒါက အမှန်တရားဘဲလေ။သူ တကယ်ကို လွမ်းနေတာ..