Unicode ver...
တက္ကသိုလ်ကျောင်းထဲက မိမိစာသင်ရမယ့်အခန်းဆီသို့ Renjun သွားရင်း ဘေးဘီဝဲယာကိုလည်း ငေးကြည့်မိသည်။ လေအဝှေ့တိုင်း ကျောင်းဝန်းထဲက သစ်ပင်တွေလှုပ်ခတ်သွားပုံမှာ ယိမ်းကနေသလိုပင်။
ကိုရီးယားနိုင်ငံမှာ ကျောင်းတက်ချင်သည်ဆိုသော သူ၏ပြောဆိုမှုကို မိဘတွေက တကယ်တမ်း သိပ်လက်မခံချင်ပေမဲ့ တဇွတ်ထိုးဆန်ပြီး ကိုယ်လုပ်ချင်တာကို ရအောင်လုပ်တတ်သူမို့ မတက်တက်ခွင့်ရအောင်ကြိုးစားခဲ့သည်။
စာသင်ခန်းထဲရောက်တော့ အရင်ရောက်သူ သုံးလေးယောက်လောက်ရှိလေသည်။ Renjun လည်း အခန်းထဲက နေရာတစ်နေရာကို ဝင်ထိုင်ရင်း မှတ်စုစာအုပ်နဲ့ ဘောပင်တစ်ချောင်းထုတ်ထားရင်း ဘေးပြတင်းပေါက်တဆင့် အပြင်ဘက်ကို ငေးမောမိသည်။
မကြာခင် တဖွဲဖွဲရောက်လာသော ကျောင်းသားများနှင့် စာသင်ခန်းသည် လူပြည့်လုနီးပါးဖြစ်သွားသည်။ ကျောင်းတက်ခေါင်းလောင်းသံကြားပြီး မကြာမီ အခန်းထဲသို့ ဆရာဝင်လာကာ မိတ်ဆက်ရင်းနဲ့ပဲ အချိန်ကုန်ဆုံးသွားသည်။ ပထမဆုံးရက်ဖြစ်သည်မို့ စာသင်ချိန်တိုင်း မိတ်ဆက်ရင်းနဲ့ပင် အချိန်ကုန်သွားခဲ့သည်။
...........................................................................
ကျောင်းတက်ပြီး တစ်ပတ်နေတော့ Renjunလည်း သူငယ်ချင်းများရနေပြီဖြစ်သည်။ ရသည့်သူငယ်ချင်းများလည်း ထူးခြားသည်ပြောရမည်။ အကုန်လုံးက 2000 born ဖြစ်သည်။ သူငယ်ချင်းတွေထဲ လအကြီးဆုံးက သူဖြစ်ပေမယ့် လူကောင်အသေးဆုံးဖြစ်သည်မို့ အကြီးဆုံးဟုမထင်ရ။
ဒီနေ့ ကျောင်းက activity clubs တွေက လူသစ်ခေါ်မည်ဆိုသောကြောင့် Renjun တို့ 00 born 6 ယောက် လူသစ်ခေါ်မည့်ပွဲ ကျင်းပရာနေရာသို့လာခဲ့ကြသည်။ အစတည်းက Music Club ဝင်ချင်နေသော အီဟယ်ချန်းက အရင်ဆုံး Music club သို့ အရခေါ်သည်။
Music club ထဲရောက်တော့ Rapper club, Vocal club စသဖြင့် ထပ်ခွဲတော့ အီဟယ်ချန်းက Vocal club ကိုယူပြီး Jeno, Jaemin နဲ့ YangYangက Rapper club ယူလေသည်။ Music club မှာ သူတို့အလုပ်ရှုပ်နေတုန်း မျက်နှာချင်းဆိုင်က Art club ကို Renjun ဝင်လာခဲ့သည်။ Shotaro ကတော့ dance club ရှေ့တွင် စီနီယာတချို့နှင့် စကားပြောနေသည်။
YOU ARE READING
He's mine! [MarkRen]
FanficMarkRen Mark Lee RenJun Huang Both Unicode + Zawgyi versions available.