အရိုးထဲအထိ ရိုက်ခတ်နေသည်လား ထင်မိရလောက်အောင် ချမ်းစိမ့်သော လေရူးတို့က ရေခဲငွေ့ပါနေသည်။
တောင်တက်လမ်းလေးအပေါ်ရှိ ရာသီဥတုက စင်စစ်အားဖြင့်တော့ အကောင်းကြီးထဲ မပါ။
ထို့ကြောင့် ခန္ဓာကိုယ်အား နွေးထွေးလို နွေးထွေးငြား ပိုက်လျက် Jake ဟာ စိုစွတ်လာသော နှာခေါင်းအတွင်းအား တစ်ချက်ရှုံ့လိုက်သည်။
ပြီးနောက်...။
"Sunghoon မင်းလုပ်တာ ငါချမ်းနေပြီ"
အိမ်နေရင်း shirt လက်ရှည် အပါးလေးသာ ၀တ်ထားတဲ့ Jake ကို ရာသီဥတုဒဏ်က ပျော်ရွှင်စွာ တိုက်စားနေသည်မို့ ခပ်သာသာ မျက်စောင်းလေးတစ်ချက်နဲ့ တိုးလျလျ မာန်မဲမိတော့ ပြန်ရသည်ကား သဘောတကျ ရယ်သံတစ်ချက်။
Christmas ရဲ့ ညနေခင်း ဖြစ်တာကြောင့် ဝါကျင့်ကျင့် မီးရောင်လေးများနှင့် နီ ၊ ဝါ ၊ ပြာ ၊ စိမ်း အမျိုးမျိုး ပြောင်းလဲနေကြသော LED မီးလုံးသေးသေးလေးများ အောက်တွင် ကြိတ်ကြိတ်တိုး စည်ကားလျက် ရှိနေသော လူအုပ်ကြီးမှာ တောင်တက်လမ်းလေးပေါ်က ကြည့်နေသော သူတို့အတွက် ပုရွက်ဆိတ်ကလေးများ တိုးဝှေ့နေကြသလို သေးသေးမွှားမွှား။
လွင့်ပျယ်လာတဲ့ သူ့အနားက ရယ်သံတိုးတိုးအဆုံး မျက်လုံးထောင့်က လှုပ်ရှားမှုတချို့နှင့် အ၀တ်အထည်တို့၏ ပွတ်တိုက်သံအား ကြားလိုက်ရသည်။
"အင့်..."
လက်ဖမိုးသို့ တိုးတိုက်လာသော နူးညံ့သည့် သိုးမွှေးစက ခပ်အိအိ။ ပိုင်ရှင်ဆီမှ သူ့လက်ထဲသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်ကား ဆင်စွယ်ရောင် sweater လေးတစ်ထည်...။
"၀တ်ထား အေးနေတယ် မလား?"
နူးနူးညံ့ညံ့ ပြုံးရင်း ပြောလာတဲ့ Sunghoon ဟာ သူကိုယ်တိုင်လည်း နှာထိပ်ကလေးတွေ နီရဲလို့။
သို့သော် သူကတောင် ပေးလာသည်ပဲမလား?
Jake ဟာ ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြီး sweater လေးအား ကိုယ်ထက် ၀တ်ဆင်လိုက်၏။
Sunghoon က သူ့ထက် အရပ်ရှည်ပြီး ထွားတာနဲ့အညီ Sunghoon ရဲ့ လက်တွေနဲ့ ပုခုံးတွေက သူ့ထက် ပိုရှည်ကာကျယ်ပြန့်သည်။

YOU ARE READING
𝗛𝗘𝗔𝗧𝗛𝗘𝗥 ▍𝗦𝘂𝗻𝗴𝗝𝗮𝗸𝗲
Fanfiction𝗛𝗼𝘄 𝗰𝗼𝘂𝗹𝗱 𝗜 𝗵𝗮𝘁𝗲 𝗵𝗲𝗿? 𝗦𝗵𝗲'𝘀 𝘀𝘂𝗰𝗵 𝗮𝗻 𝗮𝗻𝗴𝗲𝗹. 𝗕𝘂𝘁 𝘁𝗵𝗲𝗻 𝗮𝗴𝗮𝗶𝗻, 𝗸𝗶𝗻𝗱𝗮 𝘄𝗶𝘀𝗵 𝘀𝗵𝗲 𝘄𝗲𝗿𝗲 𝗱𝗲𝗮𝗱. 𝗯𝗼𝘁𝗵 𝗨𝗻𝗶𝗰𝗼𝗱𝗲 𝗮𝗻𝗱 𝗭𝗮𝘄𝗴𝘆𝗶 𝗮𝗿𝗲 𝗮𝘃𝗮𝗶𝗹𝗮𝗯𝗹𝗲. ❴𝗵𝗶𝗴𝗵𝗹𝘆 𝗿𝗲𝗰𝗼𝗺𝗺𝗲𝗻...