မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{part1}U/Z

18K 246 17
                                    

💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮{Unicode}

{အခန်း၁}

ဝေါ...ဂျိန်း....ဂျလိန်း

လျှပ်စီးတလပ်လပ်ဖြင့် သည်းထန်စွာရွာသွန်းနေသည့် မိုးများကြားမှာ အသက်လုပြေးနေရသည့် မိန်းကလေးတစ်ဦး။

*သူမအသက်ရှင်ရမယ် အသက်ရှင်မှဖြစ်မယ်*

အနောက်ဘက်မှလိုက်လာသည့်လူက အယောက်၂၀ကျော်လောက်ရှိသည်။ အနက်ရောင်ဝတ်စုံများဖြင့် သေနတ်များကိုယ်စီကိုင်ထားသည့် လူတစ်စု။

"လိုက်...ဟိုရှေ့မှာ"

"ဟေ့....ရပ်စမ်း"

ပြေးရင်းပင်သူမအတော်ပင်မောဟိုက်နေလေပြီ။ သို့ပေမယ့် အဆက်မပြက်ပြေးနေဆဲ

"တောက်!..မှီအောင်လိုက်စမ်းကွာ"

ဒိုင်း....

အာ့....

ပြေးနေရင်းအပစ်ခံလိုက်ရသည်က သူမ၏ခြေထောက် ကျည်ဆံကသူမပေါင်ကိုဖောက်ထွင်းဝင်သွားကာ ခွေကျသွားရသည်က အတော်ဗရုတ်သုတ်ခနိုင်လှသည်။

မိုးရေများကြားစီးကျလာသည့်သွေးများ။ နာကျင်လွန်း၍ သူမမျက်ရည်များစီးကျလာရသည်။

"ခေါ်ခဲ့..."

လူတစ်ယောက်၏အမိန့်သံအဆုံး သန်မာသည့်လူတစိယောက်က သူမခန္ဓာကိုယ်လေးကို အသာပွေ့ချီသွားသည်က အရုပ်တစ်ရုပ်သဖွယ်။

ဒါဟာသူမရဲ့အဆုံးသတ်များဖြစ်လေမလား။

>>>>>

"Andray..မင်းရဲ့ပစ္စည်းတွေကိုငါသိပ်ကြိုက်တယ် အကောင်းဆုံးလက်တွဲနိုင်မယ်လို့မျှော်လင်...."

ဒိုင်း...

စကားသံမဆုံးခင် စားပွဲပေါ်မှသေနတ်ကိုကျွမ်းကျင်စွာယူလိုက်ရင်း ခေါင်းတည့်တည့်သို့ချိန်ပစ်လိုက်သည်။

"အဟက်!! အကောင်းဆုံးလက်တွဲမယ်တဲ့လား ဘယ်လိုဗရုတ်ကျတဲ့စကားလဲ..."

လဲကျနေသည့်သူကိုတစ်ချက်ကြည့်ရင်းပြောလိုက်ပုံက သွေးအေးအေးပင်။

"ကျစ်!..."

အနည်းငယ်စင်သွားသည့်သွေးစများကြောင့် စိတ်ပျက်သွားမိသည်။

မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}Where stories live. Discover now