ဂျောင်ဂုခေါ်ဆောင်ရာသို့ထယ်ယောင်းလိုက်လာခဲ့သည်။ အမှန်ဆို။ ဂျီမင်းကားနှင့်သူ့ကားကလွဲရင်မစီးတဲ့ထယ်ယောင်းက ယခုမှာဖြင့် ဂျောင်ဂုကားရဲ့ Love Seatမှာအခန့်သားဖြင့်။
" ဒီမှာ ခင်ဗျားဘာလို့မဟုတ်ကဟုတ်ကတွေလျှောက်ပြောခဲ့တာလဲ။"
" ဒါတွေကနောက်ကျရင်ဖြစ်လာလိမ့်မယ်ကလေး"
" တော်ပါတော့! ။ အဲ့ဒီ့ကလေးဆိုတဲ့အခေါ်ဝေါ်ကြီးကို။"
" ရောက်ပြီကလေး။ ဆင်းတော့။"
ထယ်ယောင်းကိုရဲ့စကားကိုအဖတ်မလုပ်ပဲကားပေါ်ကနေဆင်းသွားသည့်ဂျောင်ဂုကြောင့် ထယ်ယောင်းမှာစကားပြောခွင့်ကိုမရလိုက်။
ဒါကြောင့်။စိတ်ပေါက်ပေါက်နှင့်ဆင်းသွားလိုက်တော့ရောက်လာခဲ့သည့်နေရာက ဘုရားကျောင်း။
" ဂျွန်ဂျောင်ဂု လား ဂျွန်ဂျော်ကွတ်လား ကျွန်တော်ပြောနေတာကြားရဲ့လား ကလေးလို့မ ေခါ်နဲ့လို့!။"
ဘုရားကျောင်းထဲကိုဝင်သွားသည့်ဂျောင်ဂုအနောက်ကနေ အော်ပြောရင်းထယ်ယောင်းပြေးလိုက်သွားသည်။
နောက်ဆုံးတော့။ ဘုရားကျောင်းရဲ့ဝတ်ပြုခန်းအတွင်းရောက်မှသာ ဂျောင်ဂုခြေလှမ်းတွေရပ်တန့်သွားတော့သည်။
ထိုမှ ထယ်ယောင်းလည်းဂျောင်ဂုရှေ့တည့်တည့်ရပ်လိုက်ပြီးမကြည်ကြည့်ဖြင့်ကြည့်နေလိုက်၏။
" ဘာလဲ"
" အဲ့တာကျွန်တော်ကမေးရမှာလေ။ အဓိပ္ပါယ်မရှိဘာကိစ္စဘုရားကျောင်းကြီးကိုခေါ်လာတာလဲ။"
" ကတိပေး။ နောင်ဆိုမိန်းမတွေနဲ့မပတ်သပ်တော့ဘူးလို့။"
"ဟ! ဒီလူရူးနေပြီပဲ။ ရှင်းရှင်းပဲပြောလိုက်မယ်။ ကျွန်တော်ဆောအူကိုဆွဲလမ်းနေပြီ။ အကုန်ကုန်ပြောမယ်ဗျာ ဆောအူမှမဟုတ်ဘူး မိန်းကလေးတိုင်းကိုဆွဲလမ်းနေတာ။ ဒါကြောင့်မိန်းမတွေမရှိလို့မဖြစ်ဘူး။"
" ဒါဆို ကိုယ်မင်းကိုသူတို့်မပေးနိုင်တဲ့ရင်ခွင်မျိုးပေးမယ်ဆိုရင်ရော။"
" ရူးနေပြီပဲခင်ဗျား"
" ဟုတ်တယ်ကိုယ်ရူးနေတာ။ မင်းကိုစတွေ့တဲ့နေ့ကတည်းက မင်းပုံရိပ်တွေကိုပဲမြင်ရောင်ပြီးရူးနေတာ။ ဒါကြောင့်မလို့ကိုယ်မင်းကိုအပိုင်သိမ်းပါရစေ။"