ရှုချင်းနန်၊ အသက်၁၆နှစ်မှာ ချစ်ရသူရဲ့လက်ချက်ကြောင့်အသက်သေဆုံးခဲ့ရတယ်။သူ့ကိုယ်သူသေပြီလို့ထင်မှတ်ခဲ့တယ်။သူမသေခင်မှာကျိန်ဆိုခဲ့တယ် အဲ့ဒီ့အရာဟာ 'နောက်ဘ၀ကြရင် ကိုယ်ချစ်ရသောအချစ်နှင့်ထပ်တူကျအောင် ချစ်ပေးနိုင်မည့်သူနှင့် ဆုံစည်းရပါစေ...' ဆိုပြီး။ ဘုရားသခင်ဟာ သူ့ကိုဒုတိယအကြိမ်အခွင့်အရေးပေးခဲ့တယ်ထင်ပါရဲ့။ သူ့မျက်လုံးတွေကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာ သူဟာ စာသင်ခန်းထဲမှာ ပြန်လည်နိုးထလာလေရဲ့။
ပြီးတော့ သူ့ကိုခြွင်းချက်မဲ့စွာ မြတ်မြတ်နိုးနိုးချစ်ပေးရှာတဲ့အမျိုးသမီးလေးကိုလဲရှာတွေ့ခဲ့လေရဲ့။
______"မှတ်ထားရမဲ့အချက်က ဒီပုံသေနည်းဟာ စာမေးပွဲမှာ ပါနိုင်ချေအရမ်းများတယ်၊ ဒါ့ကြောင့် ဒီပုံသေနည်းကို သေချာမှတ်ထားဖို့လိုတယ်။"
ခပ်လျော့လျော့လေသံတစ်ခုကြောင့် ချင်းနန်မျက်လုံးတို့ပွင့်လာခဲ့သည်။မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်က စားပွဲထက်တွင်ရှုပ်ပွနေသောစာအုပ်များပင်ဖြစ်သည်။သူ၏လက်ထဲတွင်တော့ ဘောပင်တစ်ချောင်းကိုခပ်လျော့လျော့ကိုင်ထားကာ Noteများလိုက်မှတ်နေပုံပင်။
"ချင်းနန်..၊ ဒီပုစ္ဆာကိုတွက်ပြပါဦး"
နားထဲတိုးဝင်လာသောအသံကြောင့် ခေါင်းထောင်ကြည့်လိုက်ရာ သူမြင်လိုက်ရသည်က Stateထက်တွင် မတ်တပ်ရပ်ရင်း သူရှိရာဆီလှမ်းကြည့်နေပါသော ဆရာမ။
"ဆရာမရယ်၊ စာသင်ချိန်တစ်ချိန်လုံးအိပ်ငိုက်နေတဲ့ကောင်က ဘာများတွက်တတ်မှာမို့လို့လဲ၊"
ခပ်စူးစူးအသံကြောင့် သူ့ခေါင်းက အသံထွက်ပေါ်လာရာ အတန်းအလယ်ရှိ ခုံကိုကြည့်လိုက်မိသည်။သူ့မျက်စိထဲသို့ ကျောင်းယူနီဖောင်းကို ကပိုကရိုဝတ်ထားကာ ထိုင်ခုံထက်တွင်ပျင်းရိပျင်းတွဲထိုင်နေသော မိန်းကလေးတစ်ဦးကတိုးဝင်လာသည်။သူ သူမကို မှတ်မိသည်။သူမက
"ဂျောင်ဒါအွန်း..၊ ဒီတစ်ခါရန်ထပ်ဖြစ်ရင်တော့ ဆရာမနားနေခန်းကိုခေါ်တာလောက်နဲ့မပြီးသွားဘူးနော်၊"

YOU ARE READING
ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]
Fantasyစိတ်ထားကောင်းပေမဲ့ မဟုတ်မခံ ဟုတ်ရင်လဲမခံတတ်တဲ့ စိတ်ဓာတ်ရှိသူလေး ရှေးရေးထင်... သူမဟာ ရုတ်တရုက်ဆိုသလို ဓာတ်လှေကားပျက်ကျမှုမှာသေဆုံးခဲ့ပါတော့တယ် ထိုဓာတ်လှေကားပျက်ကျမှုဟာ သာမရိုးကျလဲမဟုတ်နေသလို သူမရဲ့ပြင်းပြတဲ့ဇောကြောင့် နောက်တစ်ကြိမ်အသက်ရှင်သန်ခွင့်ရရှ...