"သွန်းသစ္စာမေ!!!!"
"ရှင်"
"နင် ဒီတစ်ခါစာမေးပွဲမှာလည်း အမှတ်မကောင်းလာပြန်ဘူး"
"ဟိုလေ မေမေကလဲ သမီးလဲကြိုးစားပါတယ်"
"အို ညည်းအဲ့လိုပြောတာဘယ်နှခါရှိပြီလဲ"
"နောက်တစ်ခါ အဲ့လိုမဖြစ်စေရပါဘူး"
"ပြောတာပဲ ပြီးရင်ဒီလိုပဲဖြစ်ဦးမယ်မလား"
"ဒီတစ်ခါအတည်ပါ.."
သွန်းတစ်ယောက် လပတ်စာမေးပွဲတွင် အမှတ်မကောင်းသဖြင့် သွန်းအမေမှဆူနေခြင်းဖြစ်သည်။ သွန်း8တန်းဆိုတာသိပေမဲ့ စာလုပ်ခါနီးရင် ဦးနှောက်က စာလုပ်ရမယ်လို့လှုံဆော်ပေးနေပေမဲ့ စိတ်မပါတာကြောင့် ငါးမိနစ်လောက်သာခံလေသည်။
ကျောင်းခန်းထဲတွင်
"သွန်း""အင်း...ဘာတုန်း"
"နင်ကြည့်ရတာ တမှိုင်မှိုင်နဲ့ဘာဖြစ်နေတာလဲ"
"ဒီမယ်လေ ဒီပုစ္ဆာတွေ ငါတစ်ပုဒ်မှကိုနားမလည်ဘူး သေသာသေလိုက်ချင်တယ်"
"မယ်မင်းကြီးမရယ် သေတော့မသေနဲ့ဦး နှစ်ဆုံးစာမေးပွဲဖြေပြီးမှသေရင်သေ"
"အော် ကောင်းပါ့" သွန်းမှာ သူများတွေလိုကျူရှင်လည်းမယူ၊ guideလဲမယူတာကြောင့်မို့ သူများထက်ပိုကြိုးစားရမှာသိသော်လည်း စိတ်ကမလုပ်ချင်ပေ။
ကျောင်းအပြန်တွင် သွန်းတစ်ယောက် ကျောင်းမှအိမ်သို့လမ်းလျှောက်ပြန်နေရာ ကားတစ်စီးမှ သူမဘေးက ဗွက်အိုင်ထဲသို့ ဖြတ်မောင်းသွားသောကြောင့် ထမီတွေစိုကုန်လေသည်။
"ဟာ...ကားကို ဘယ်လိုမောင်းနေတာလဲမသိဘူး ဒီမှာအကုန်ရွဲကုန်ပြီ...စိတ်ပျက်စရာပဲ" အပြန်လမ်းတစ်လမ်းလုံးလဲ ထိုကားကို မေတ္တာတွေတသီးကြီးပို့နေလေသည်။
"ဟဲ့ သမီး ထမီတွေလဲစိုလို့ပါလား"
"ဟုတ်တယ် အပြန်လမ်းမှာလေ ဘယ်ကကားမှန်းမသိဘူး ဗွက်အိုင်ထဲကိုဖြတ်မောင်းသွားတာ "
"အော် သမီးရယ် မိုးရာသီလေ ဗွက်အိုင်ဆိုတာ နေရာတိုင်းမှာရှိတော့ မတော်တဆဖြစ်တာပါ သွား သွား အ၀တ်လဲချည်"
YOU ARE READING
မြတ်နိုးရပါသော တီချယ်
Romanceတီချယ်ကလေ..နှင်းဆီဆို အနီရဲရဲမှကြိုက်တယ်တဲ့။ ဒါပေမဲ့ အနီရောင်ကိုမုန်းတယ်တဲ့လေ..။သိပ်ကိုနားလည်ရခက်ပါ့လား တီချယ်ရယ်။