|Unicode |

2 0 0
                                    

( ၁ )

ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုအတွက် သူနဲ့မေမေ မကြာခဏ  စကားများကြရပါသည်။ သူကသာ ထိုကိစ္စကို ဘာမဟုတ်တဲ့ကိစ္စလေးလို့ သတ်မှတ်ထားပေမယ့် မေမေကတော့ ထိုအရာကို လူ့အခွင့်အရေး ချိုးဖောက်မှုကြီးဟုပင် ခမ်းနားကြီးကျယ်စွာ ခေါင်းစဥ်တပ်လိုက်ပါသည်။

'' ဒါ...လူတစ်ယောက်ရဲ့ privacyပဲ သား...။ မင်းမှာ ချိုးဖောက်ခွင့်မရှိဘူး။ ''

မေမေ့မျက်နှာက သားဖြစ်သူကို ပိုင်နိုင်တဲ့အမေတစ်ယောက်ရဲ့ ခပ်တင်းတင်းမျက်နှာမျိုး....။ မေမေ့အား မော့ကြည့်ရင်း သူ အောင့်သက်သက် ခံစားလိုက်ရသည်။ သူသည် မေမေ့အပေါ်မှီခိုနေရသော သားတစ်ယောက် မဟုတ်ပါလျှင် မေမေ့အား စကားသံ ခပ်မာမာဖြင့် ပြန်ခံပြောမိလိမ့်မည်။ သို့သော် သူသည် မှီခိုလူတန်းစား ဖြစ်နေသည်။ သူ မေမေ့အား မှီခိုနေရသည်။ ထို့ကြောင့် မလွန်ဆန်နိုင်။

'' ကြည့်ရုံပဲ ကြည့်တာလေ...မေမေရဲ့...။ ကျွန်တော် သူ့ကို ဘာများ ထိခိုက်နာကျင်အောင် လုပ်နေလို့လဲ...။''

ဒီလောက်ပဲ...။ အသံအနေအထားရော...၊ မျက်နှာအနေအထားကရော အနေတော်ပဲ။ မမာ..မအေးလေး ပြန်ပြောလိုက်သည်။

'' လူတစ်ယောက်ကို ရိုးရိုးတမ်းတမ်း ကြည့်မိတာဟာ ဘာပြဿနာမှ မဖြစ်သေးဘူး။ အေး...ဒါပေမယ့် မှန်ပြောင်းကြီးနဲ့ နေ့စဥ်ရက်ဆက် တကူးတက လိုက်ကြည့်နေရင်တော့ အဲ့တာ ပြဿနာဖြစ်သွားပြီ။ ''

လူတစ်ယောက်ရဲ့ နေ့စဥ်ဘဝကို အဝေးကနေ မှန်ပြောင်းတစ်လက်နဲ့ ကြည့်ရှုနေခြင်းဟာ ထိုလူရဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်ခြင်းဟု သူ မခံယူပါ။ မေမေက သူ့အပေါ်ဆို နေရာတကာ ကွပ်ညှပ်လွန်းလှပါသည်။ ကလေးဘဝ... ကျောင်းသားဘဝ...လူငယ်ဘဝ...အလုပ်အကိုင်ရှိ ယောင်္ကျားတစ်ယောက်ဘဝ...။ သူ့ဘဝရဲ့ အစိတ်အပိုင်းအားလုံးကို မေမေက အမြဲပိုင်နိုင်ခဲ့သည်။

'' ပြောစမ်းပါဦး သားရယ်...။ အဲ့ကောင်လေးမှာ မင်းစိတ်ဝင်စားလောက်တဲ့ ဘယ်အရာတွေများ ရှိနေလို့လဲ...။ ''

မေမေ မေးခွန်းထုတ်တော့ သူ အဖြေပြန်ပေးခဲ့သည်။ ထိုကောင်လေးအပေါ် သူစိတ်ဝင်စားရတဲ့ အကြောင်းရင်းက...

တိမ် | တိမ္Where stories live. Discover now