Episode 3

119 21 0
                                    

Unicode ver ...

Renjun တို့ပြိုင်ပြီးတော့ နေ့လည်တစ်နာရီရှိပြီဖြစ်သည်။ Club activity ပြီးလို့ canteen မှာ စောင့်နေကြတဲ့ Jeno တို့ရှိရာဆီသွားလိုက်သည်။ Jeno တို့ ထိုင်နေတဲ့ဝိုင်းမှာ Jeno နဲ့ Jaemin တင်မဟုတ်ဘဲ Mark hyung ကိုပါ Renjun တွေ့လိုက်သည်။ ဘာတွေပြောပြီး ရယ်နေကြလဲမသိပေမဲ့ Renjun ကို မြင်တော့ တိတ်ဆိတ်သွားကြသည်။

သူ့တွေ့မှ ဗြုန်းစားကြီး ရပ်သွားတယ်ဆိုတော့ ဘာကိစ္စမို့လို့ပါလိမ့်?

"အခြေအနေ" သူဝင်ထိုင်တာနဲ့ မေးလာတဲ့ Jeno အမေးကို ပြုံးပြရင်း ခေါင်းညိတ်လိုက်သည်။

"ဘာမှာမလဲ Renjun" သူ့ကိုငေးကြည့်ရင်း menu စာရွက်ပေးကာ မေးလာသော Mark hyung ဆီက စာရွက်ကို ကျေးဇူးတင်ကြောင်း ခေါင်းညိတ်ကာ လက်ခံယူလိုက်သည်။

"hyung ရော ဘာမှာပြီးပြီလဲ။ မင်းတို့ရော ဘာမှာထားလဲ" Renjun, Mark hyung ကို အရင်မေးပြီး မျက်နှာချင်းဆိုင်ထိုင်နေသော Jeno နဲ့ Jaemin ကိုပါ တစ်ဆက်တည်း မေးလိုက်သည်။

"ငါတို့က စားပြီးတာကြာပြီ။ မင်းကိုပဲ သက်သက်စောင့်နေတာ။ အာ Mark hyung ကတော့ မစားရသေးဘူး။ သူလည်း အခုမှ ဒီကိုရောက်လာတာ"

Jaemin အပြောကို Renjun ခေါင်းညိတ်ပြလိုက်ပြီး Mark hyung ရော မှာမလားမေးလိုက်တော့ ခေါင်းညိတ်ပြသည်။ Renjun အရင် menu စာရွက်ကို ကြည့်ကာ မှာမည်များကို waiter လေးဆီ ပြောလိုက်သည်။ သူပြီးတော့ Mark hyung ကပါ menu စာရွက်တစ်ချက်ကြည့်လိုက်ပြီး စားမည့်မုန့်ကိုမှာလေသည်။

"မင်းတို့ ဆုကတစ်ခါတည်း ကြေငြာမှာလား"

အမှာပြီးသွားတဲ့ RenJun ကို Jeno မေးလိုက်သည်။

"အင်း တစ်ခါတည်းလုပ်မှာ။ ၂နာရီခွဲလောက်လုပ်ဖြစ်မယ်ထင်တယ်။ အဲ့ဒါကြေငြာပြီး ဆုပေးပွဲ အခမ်းအနားကျင်းပမယ်။ ပြီးရင်တော့ အခမ်းအနားကို ပြန်သိမ်းဆည်းပေါ့"

သူပြောသည်ကို Jeno က ပြန်ခေါင်းညိတ်ပြသည်။ ဘာမှတော့ထပ်မပြော။ Renjun လည်း Jeno တို့ကိုကြည့်ရင်း

"ဒါနဲ့ မင်းတို့ကရော ပြီးသွားပြီလား"

"ငါနဲ့ Jaemin ကတော့ ပြီးသွားပြီ။ ငါတို့ကျ မင်းတို့လို ပြိုင်ပွဲတော့မရှိဘူး။ ဒါပေမဲ့ နောက် sem ကျရင်တော့ ကျောင်းမှာ ဖျော်ဖြေပွဲပုံစံလုပ်မယ်တဲ့။ အခုကတော့ ဒီတိုင်း တခြားကျောင်းနှစ်ကျောင်းနဲ့ပေါင်းပြီး ဖျော်ဖြေပွဲအသေးစားတစ်ခုလုပ်မလို့ပါ။ Mark hyung တို့ကတော့ အသင်းက ဦးဆောင်သူတွေမို့ လုပ်စရာတွေရှိဦးမယ်ထင်တယ်။"

He's mine! [MarkRen]Where stories live. Discover now