သွန်း တစ်ယောက် အိမ်ပြန်ရောက်သည်နှင့် တရေးအိပ်ပစ်လိုက်သည်။ ညနေရောက်သည်ထိ မနိုးတာမို့ မိခင်ဖြစ်သူမှလာနိုးရလေတော့သည်။
"သမီးရေ သွန်း"
"သွန်း ထတော့လေ ညနေရောက်နေပြီ နေမကောင်းဖြစ်မယ်"
"ဟုတ် ထပါပြီ" လို့ပြောသော်လည်း မျင်လုံးမှဖွင့်မရသေးပေ။
"ဟင်းး အဲ့ဒါကြောင့်မို့ ကျူရှင်တက်ပါဆိုတာလဲမတက်ဘူး guideခေါ်ဆိုလဲမခေါ်ဘူး"
"အမေကလဲ ဘာမှ မဆိုင်ဘူး"
"ဆိုင်တာပေါ့ ကျူရှင်တွေguideတွေရှိတော့ အဲ့ဆရာမတွေကြောက်ပြီး စာကိုကုန်းလုပ်မာလေ မသိရင်ခက်မယ်"
"ခုတော့ မခေါ်ချင်ဘူး မေမေရာ"ဟုပြောကာ ရေချိုးခန်းထဲ၀င်သွားလေသည်။ သူမအမေကတော့ ခေါင်းတခါခါဖြင့် သူမအား ကြည့်နေလေသည်။
နောက်နေ့ရောက်သော်
"ဟာ သေပြီ ကျောင်းနောက်ကျပြီ.."ဟုဆိုကာ ကျောင်းသို့ပြေးသွားသော သွန်း။ သို့သော် ကျောင်းမရောက်ခင် တီချယ်ဒေါ်မြတ်မိုးဆွေနဲ့တွေ့လေသည်။"မင်္ဂလာပါ တီချယ်"
"အော် မင်္ဂလာပါကွယ်"
"ဟုတ်"ဟုဆိုကာ ထပ်ပြေးမည်အလုပ် တီချယ်မှ သူမရဲ့ လွယ်အိပ်ကိုနောက်မှလှမ်းဆွဲလိုက်လေသည်။
"အမလေးး"
"ပြေးမသွားနဲ့လေ ချော်လဲမယ်"
"ဒါပေမဲ့ သမီးကျောင်းနောက်ကျနေပြီတီချယ်"ဟု ငိုမဲ့မဲ့ကလေးပြောလာသော သွန်း။
"ဘာမှမဖြစ်ဘူး တီချယ်နဲ့တူတူသွားမယ်"
"ဟု ဟုတ်"
သွန်းတစ်ယောက် တီချယ့်အားခိုးခိုးကြည့်နေမိသည်။ နှင်းဆီအနီရဲရဲလေးအား ပန်ထားပြီး နှုတ်ခမ်းနီရောင်လေးဖြင့် သိပ်ကိုလိုက်ဖက်လွန်းပါတယ် တီချယ်ရယ်...။
သွန်း ခိုးကြည့်နေမိတာ တီချယ်သိသွားဟန်တူသည်။"အဲ့လောက်မကြည့်နဲ့လေ မျက်လုံးကျွတ်သွားဦးမယ်"
"ရှင်.."ဟိုကာ ခေါင်းကိုတစ်ဖက်သို့ လွဲလိုက်ရသည်။
"မနေ့ကလဲ အဲ့တိုင်းပဲ စာသင်နေတာကို မျက်လုံးကျွတ်မတက်ကြည့်နေတာ ရှင်လေးမလား"
YOU ARE READING
မြတ်နိုးရပါသော တီချယ်
Romanceတီချယ်ကလေ..နှင်းဆီဆို အနီရဲရဲမှကြိုက်တယ်တဲ့။ ဒါပေမဲ့ အနီရောင်ကိုမုန်းတယ်တဲ့လေ..။သိပ်ကိုနားလည်ရခက်ပါ့လား တီချယ်ရယ်။