🌿The Lengend of the blue seaအပိုင်း(47) လခြမ်းနီနိုင်ငံ
ငါးရက်ကြာပြီးနောက်
လခြမ်းနီနိုင်ငံ
ဆိတ်ငြိမ်ကျေးရွာ
တောင်ပင်လယ် အနောက်ဘက်ခန်းမ
- ဒီနေရာဆိုတာသေချာလား -
- သေချာတယ် မေမေ သမီးစိတ်ကပြောနေတယ် ဒီမှာ အသိစိတ်တခုရှိနေတယ်တဲ့ -
-ဟုတ်ပြီ ဒါဆို ဝင်တော့မယ်နော် -
့-ဟုတ် သမီးရဲ့ကိုယ်ပိုင်အသိစိတ်ကိုဖွင့်ထားပေးမယ် အန္တရာယ်ရှိပြီဆိုတာနဲ့ လှမ်းပြောမယ်နော်-
- ကောင်းပြီ -
သူမ အထဲဝင်သွားခဲ့တယ် ဒီနေရာကနန်းတော်လိုအရမ်းကြီးမားတာပဲ
သူမတိတ်တိတ်လေးခိုးဝင်သွားတာ
မှောင်မဲနေပေမဲ့ ရနံ့သင်းလွန်းတာမို့ ပန်းတွေက နေရာအနှံ့မှာပြည့်နေတယ်ဆိုတာကိုပြောနိုင်တယ်
ညအချိန်မို့တိတ်ဆိတ်နေပြီးတော့ လူအားလုံးကလဲ အိပ်နေလောက်ကြပြီ
-မေမေ အရှေ့ခန်းမှာပဲ -
-အင်း -
သူမ အရှေ့ခန်းကိုတိုးကပ်သွားလိုက်တော့ အခန်းထဲက စကားသံဟာ တီးတိုးလွင့်ပျံလာခဲ့တယ်
"ဟွားဟွား သားလေး အိပ်နေပြီလား "
"အင်း အိပ်နေပြီ သူ့ရဲ့နဖူးမှာ တိုင်တန်ခရင်းခွအမှတ်အသားပုံပါလာတာက သူ့ရဲ့အသက်ကိုအဆုံးသတ်သွားလိမ့်မယ် လီဝမ် ကျွန်မတို့ဘယ်လိုလုပ်သင့်လဲ အဲ့ခရင်းခွက သူ့ရဲ့ကံကောင်းခြင်းဖြစ်နိုင်သလို ကံဆိုးခြင်းလဲဖြစ်လာနိုင်တယ် "
"ဟွားဟွား နမိတ်ဖတ်နေပြန်ပြီလား မင်းရဲ့အမြှီးတွေထွက်လာပြန်ပြီ"
"ဟုတ်ပ အခုတလော စိတ်ပူနေရတာနဲ့ စွမ်းအားတွေက မညီမမျှဖြစ်လာတယ် "
"စိတ်မပူပါနဲ့ အဲ့ဒါက ဖြစ်ချင်မှလဲဖြစ်လာမှာပါ"
ရီနာနာ မျက်မှောင်ကြုတ်လိုက်တယ်
အတွင်းခန်းထဲကပြောပုံအရဆို ကလေးက တိုင်တန်ခရင်းခွရဲ့အသိစိတ်နဲ့တွဲဖက်ပြီးမွေးလာတာပဲ
CZYTASZ
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Historyczneown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...