The Lengend of the blue sea
အပိုင်း(48) နတ်ဆေးသမားတော်ဝိုလျန်း
"ခွီးးးးး ဟီးဟီး မင်းရဲ့ဗရမ်းဗတာဗရုတ်သုတ်ခပုံစံလေးက အရမ်းရယ်ချင်စရာပဲ "
"အဲ့တိုင်းပဲကြည့်နေတော့မှာလား လာထူဦး ပင်လယ်ရေစိမ်ဖို့လိုတယ် "
ရိရန်က သူ့ရယ်ကြောကိုဖြတ်ကာ သူမလာထူမပေးတယ ်
လာမပေးတဲ့ပုံစံကလဲ ဂျိုင်းကနေမပြီးတော့ လက်တဖက်ထဲနဲ့မထားလေတယ်
"......... "
အဲ့လိုကြီးမ'ထားရအောင် ငါက တိရစ္ဆာန်လား
ခနနေတော့ ရီနာနာခမျာ တကယ်ကြီး ရေချိုးတဲ့စည်ပိုင်းထဲပစ်ထည့်ခံလိုက်ရလေတယ်
သူမကိုစည်ပိုင်းထဲထည့်ပြီးတာနဲ့ ရိရန်ကပြေးပါလေရော
သူမတောင်ဘာမှမပြောရသေးဘူး
ဟဲ့ ငါကမိန်းကလေးလေ နင်ကဘာလို့ပြေးနေရတာလဲ
ရီနာနာ ခေါင်းပဲခါလိုက်တေ့ာတယ်
နှစ်တသိန်းလူပျိုကြီးကိုသူမလဲစိတ်မဝင်စားသလို မဆွဲဆောင်ချင်ပါဘူးနော်
သူမ ပင်လယ်ရေကို ရောနှောလိုက်ပြီးချိုးလိုက်မှ သူမရဲ့အမြှီးတွေကိုခြေထောက်အဖြစ်ပြန်ပြောင်းလို့ရသွားတော့တယ်
သူမ မော့ကျန်းဟိုကိုသတိရလိုက်ပေမဲ့ သူမ တိုင်တန်ရဲ့အသိစိတ်အားလုံးကိုပြန်ရှာနိုင်မှပဲပြန်တော့မယ်လို့တွေးလိုက်တော့တယ်
ရေချိုးပြီးတော့ သူမ တိုင်တန်နဲ့စကားပြောနေတုန်း ရိရန်ရောက်လာလေတယ်
"နတ်ဆေးသမားတော်ရောက်လာပြီ"
"ဟမ် မြန်လိုက်တာ "
"အပြင်ထွက်လာခဲ့"
"ကောင်းပြီ"
သူမရဲ့မျက်ဝန်းတို့တောက်ပလင်းလက်နေလာတယ်
နတ်ဆေးသမားတော်တဲ့လား?
အဲ့ကလေးကိုကယ်နိုင်လားဆိုတာ အဲ့နတ်ဆေးသမားတော်အပေါ်ပဲ မူတည်နေပြီဆိုတော့ အမှားခံလို့မရဘူး
သူမ ကြံရည်ရောင်ပိုးဝတ်စုံလေးကို ဝတ်ထားပြီး ရေချိုးပြီးခါစ ဆံနွယ်ရှည်တွေကိုလဲ ဒီအတိုင်းဖြန့်ချထားခဲ့လေတယ်
VOUS LISEZ
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Fiction Historiqueown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...