1930ခုနှစ်..
ဟယ်လင်မြို့ပြ...။ကြယ်ပန်းတွေရဲ့ အဓိပ္ပါယ်ကိုသိလား....။
"ရှည်ကြာခိုင်မာတဲ့ ချစ်ခြင်းရဲ့ ပြယုဂ်"တဲ့။************
"သေနတ်နဲ့ တူတဲ့ပန်းရှိလား။"
"ဗျာ...."
"အဲ့ဒီ့ပန်းဝယ်ချင်လို့ပါ။"
"ခင်ဗျား လာနောက်နေတာလား။"
မျက်စိရှေ့က ခံစားချက်မဲ့နေသော မျက်နှာတည်ဖြင့်လူတစ်ယောက်သည် သူ့အား အတည်ပေါက်နှင့် လာနောက်နေသလားမှတ်ရအောင် ထောင့်မကျိုးနေပုံအား ရှိုင်းမျက်မှောင်ကုပ်မေးမိသည်။
သူတစ်ခါမှ မတွေ့ဖူးသည့်လူစိမ်းမို့ တစိုက်မတ်မတ်ကြည့်နေမိတာလည်း ပါတာပေါ့။ Neckieဝတ်စုံပြည့်အပေါ် ကုတ်အနက်အရှည်ထပ်ထားပြီး ဆီဝနေသည့် ပိတုန်းရောင်ဆံပင်တွေကို နဖူးပေါ် တစ်စတလေမှ ကျန်မနေအောင် ဖြီးသိမ်းထားသည့် ထိုအမျိုးသား။ အသားအရေမှာလည်း ဖြူလွန်းနေ၍ ပန်းဆိုင်အပြင်က နှင်းထုနှင့် တစ်ရောင်တည်းဟုပင် ထင်မှတ်ရသည်။ ရှိုင်းဖြင့် ထိုလူကို တကယ်မမြင်ဖူးပါ။ ဟယ်လင်မြို့ဟာ မြို့ဆိုသော်ငြား သိပ်မကျယ်သည့် မြို့ငယ်မို့ မြို့ထဲကရှိသမျှလူတစ်ယောက်ချင်းစီကို သူ နာမည်ကအစ သိပါသည်။ ဤသို့ဆိုသော်ငြား ဟယ်လင်မြို့ကရှိသမျှ ပန်းခင်းတိုင်း၏ပိုင်ရှင်ဟာ ရှိုင်းသာဖြစ်ပြီး ဒီပန်းဆိုင်လေးသည်လည်း တစ်မြို့လုံးမှာမှ တစ်ဆိုင်တည်းသာရှိတာ..။
"သေနတ်နဲ့တူတဲ့ပန်းကို ခင်ဗျား ကိုယ့်ဘာသာစိုက်မှပဲရမယ်။ ကျုပ် အဲ့လိုပန်းမျိုး မစိုက်ဘူး။"
ခုနကမှ ထိုင်ဖတ်နေသည့်စာအုပ်ထဲမှ ဇာတ်ကောင်သေသွားသည့်အတွက် ဆွေးမြည့်နေသည့် ရှိုင်းစိတ်အဆွေးတို့သည် ထိုအမျိုးသားပေါ်သို့ ဒေါသများအဖြစ် ပုံကျခဲ့တော့သည်။ စိတ်တွေလည်းရှည်မနေပါ။ ဝတ္ထု ဇာတ်မသိမ်းခင်တည်းက Sad Endingအငွေ့အသက်တွေရနေ၍ ဒီနေ့တော့ ဆိုင်ပိတ်ကာ အိမ်ပြန်အိပ်တော့မည်ဟု သူတွေးထားပြီးသားဖြစ်သည်။ ထိုသို့တွေးနေစဥ်မှာပင် ဒီလူရောက်လာခြင်း..။
YOU ARE READING
"ချစ်သော Dannia"[One Shot]
Fanfic"ပန်းတွေပျိုးတဲ့ လက်ကလေးအပေါ် ကိုယ် ထပ်ကိုင်ခွင့်ရချင်တယ် ရှိုင်း..."