ရုတ်တရက်ထိကပ်လာသည့် နှုတ်ခမ်းများကြောင့် စွံ့အလျက်။
ထိုနှုတ်ခမ်းသားအိအိများသည် မိမိနှုတ်ခမ်း၌အပေါ်တစ်လှည့်အောက်တစ်လှည့်စုတ်ယူနေခြင်းကြောင့်။ အသိစိတ်ကတွင်းထုတ်လိုက်ချင်သော်လည်း မသိစိတ်ရဲ့စေခိုင်းမှုကြောင့် ကိုယ့်ဘက်ကပင် ခတ်ကြမ်းကြမ်းပြန်နမ်းနေမိသည်။
" အွန်း~ ပြွတ်စ်~"
ယောကျာ်းသားပေမယ့်လည်း နုညံ့လှသည့်ထိုနှုတ်ခမ်းများကြောင့် အရိုင်းစိတ်ကပေါ်လာသည်။ ချိုမျမှုတွေဖိတ်စင်လာသည့်အတွက် ခံအတွင်းသို့လျှာဖြင့်မွှေနှောက်သော် ထိုလူကလည်း အသဲအသန်တုန့်ပြန်လာသည်။
သိုပေမယ့်လည်း။ ထူးထူးစမ်းစမ်း မိန်းကလေးတစ်ယောက်နှင့်မဟုတ်ပါပဲ နိုးထလာသည့်အောက်ပိုင်းကြောင့် အနမ်းတို့ကိုရပ်တန့်လိုက်သည်။
" တော်သင့်ပြီ။ မဟုတ်ရင်ခင်ဗျားကိုကျွန်တော်ခွင့်လွှတ်မှာမဟုတ်ဘူး။"
" ကိုယ်မဝသေးဘူး။"
ထယ်ယောင်းရဲ့နှုတ်ခမ်းတွေထံတစ်ဖန်ပြန်ထိကပ်နမ်းရှိုက်လာသည့်ဂျောင်ဂုရဲ့နှုတ်ခမ်းများ။
သို့ပေမယ့် ဒီတစ်ခါမှာတော့။
ဒုန်း*!ဝုန်း*!
" အား!"
တွန်းထုတ်လိုက်တဲ့ထယ်ယောင်းကြောင့်။ ခန်းမအတွင်းစီထားသောခုံများအပေါ်ဂျောင်ဂုလဲကျသွားတော့သည်။
" ကျွန်တော်ပြောတယ်မလား။ နောက်တစ်ခါဆိုခွင့်မလွှတ်ဘူးလို့။"
" နာသွားပြီ။ ထူပေးမလား။"
ထယ်ယောင်းရဲ့ဒေါသသံစွတ်နေသည့်စကားကိုအရေးမလုပ်ပါပဲ အေးစက်စက်ဆိုလိုက်သည်။
ဒါကြောင့်။ ထယ်ယောင်းလည်းသူတွန်းထုတ်လိုက်တာအားပါသွားသည့်အတွက် ဂျောင်ဂုကိုထူပေးဖို့သွားလိုက်သည်။
" ထ"
ဂျောင်ဂုကိုလက်ကမ်းပေးရင်းဆိုလိုက်၏။ သို့သော်ငှားလည်း။ထယ်ယောင်းရဲ့လက်ကနေဆွဲချလိုက်ပြီး အုပ်မိုးကာနမ်းရှိုက်ပြန်သည့်ဂျောင်ဂုကြောင့်။ထယ်ယောင်းဒေါသတွေဟာမိုးထိုးလို့လာသည်။