🌿လေပြေနမ်းရှိုက်တဲ့မမရဲ့အသက်ရှူသံလေး
အပိုင်း(၃)
"လင်းယန် မောနင်း"
"မောနင်း "
အပေါက်ဝမှာ အတူပေါ်လာလေတဲ့ ဝူလင်းယန်နဲ့ မုယွမ်ယွမ်
တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်လိုက်ရင်း ဓာတ်လှေကားကိုလဲ အတူစီးလာကြတယ်
အတွင်းရေးမှူးနဲ့ သူ့ရဲ့MDကိုအတူတွေ့လိုက်ကြရတဲ့သူတိုင်းက လိုက်ဖက်လွန်းတယ်လို့ပဲတွေးမိကြတယ်
"မနေ့က ဘယ်လိုလဲ တွေ့ခဲ့ရဲ့လား "
"အလကားပါဟယ် သတင်းပဲထွက်နေတာနေမှာပေါ့ ဒါပေမဲ့ ......."
"ဒါပေမဲ့ ဘာဖြစ်လဲ "
ဝူလင်းယွမ်က မိုးပြာရောင်ကုတ်ဝမ်းဆက်နဲ့လှနေတဲ့ မုယွမ်ယွမ်ကိုကြည့်လိုက်တယ်
ဆယ့်ငါးနှစ်ကျော် ခင်လာကြတဲ့သက်တမ်းမှာ ဒီမိန်းကလေးရဲ့ ဖူးငုံချိန် ပွင့်လန်းချိန်တို့က သူ့မျက်စိရှေ့တင်ပဲ
မိန်းကလေးတစ်ယောက်ရဲ့အလှဆုံးအချိန်ဖြစ်တဲ့ နှစ်ဆယ်ကျော် နှစ်ဆယ့်ငါးနှစ် အရွယ်မှာလဲ သူမက တစ်ယောက်ထဲဖြစ်နေတုန်းပဲ
"ငါ စားကောင်းတဲ့ဆိုင် တဆိုင်တွေ့လာခဲ့တယ် ငါ နှစ်ပွဲမှာခဲ့တယ် ညနေသွားစားကြရအောင် "
"ကောင်းပြီ "
သူတို့နောက်က စီမံရေးရာက ကောင်မလေးနှစ်ယောက်မှာတော့ အချင်းချင်းလက်တို့ကုန်ကြပြီ
သူတို့အတွင်းရေးမှူးမှာ နာမည်ပြောင်ရှိတယ် ယင်းယန်တဲ့ လခြမ်းအဖြူအမဲစက်ဝိုင်းလိုပဲ သူတို့ကိုဆက်ဆံပုံက မဲမှောင်တည်ကြည်လွန်းပေမဲ့ သူ့တို့ရဲ့MDကိုတော့ အမြဲကြည်ကြည်လင်လင်နဲ့နွေးနွေးထွေးထွေးဆက်ဆံလေ့ရှိတယ်
ဟွန့် စည်းကမ်းကြီးတဲ့ ယင်းယန်က သူတို့ကိုတင်းမာသလောက် သူ့MDရြဲအပြစ်တွေကိုတောင်ကူဖုံးပေးတဲ့လူပဲ
ဒါနဲ့များ ရိုးရိုးသားသားဖိုးသခွားပုံစံကလုပ်နေသေးတယ်
"ဪ ယွမ်ယွမ် မင်းမရှိတုန်း ကိုယ်တို့ဆီကို error တခု တက်လာတယ် ပြီးတော့ ကမ်းလှမ်းချက်တခုလဲရောက်လာတယ် "

YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...