နာရီတွေရဲ့လှုပ်ရှားသံကတစ်ချက်ချက်။ နှလုံးသား၏သွေးရည်တို့ကတစ်စက်စက်။ ချစ်ရသူအားပိုင်ဆိုင်ရတော့မည်တွေးတိုင်းစိတ်အစုံကဆောက်တည်ရာမရဖြစ်မိသည်။
သုံးရက်ဆိုသောအချိန်ကာလသည် ခေတ္တမျှသာကြာပြီး။ နောက်ဆုံးမှာတော့ မြတ်နိုးရသည့်ကလေးငယ်အားပိုင်ဆိုင်ရတော့မည်ဖြစ်သည်။
အချစ်ကိုလည်းမမျှော်လင့်ရဲသလို ရနှလုံးသားကိုလည်းမအုပ်စိုးဝံ့ပါ။ လူအများအား ကိုယ်အပိုင်ဟူ၍သာသိစေပြီး အခြားသူများထံမှသိပ်ချစ်ရသည့်ကလေးကိုကာကွယ်ထားခြင်းဖြစ်ပေသည်။
ယခု၌လည်း။ တရားရုံး၏ရှေ့သို့မကြာခင်ရောက်တော့မည်ဖြစ်သောကြောင့်။ အသိသက်သေအနေနဲ့ ကလေး၏သူငယ်ချင်းဂျီမင်းနှင့် ယနေ့မှမင်္ဂလာဆောင်အတွက် နယ်မြေခြားမှပြန်လာပေးသော သူငယ်ချင်းလို့ဆိုလို့ရသည့် အကိုယွန်းဂီရယ်သာရှိသည်။
အန်ကယ်ကတော့ ကျွန်တော့်တို့ကားရဲ့အနောက်တွင်အကိုတို့နှင့်အတူလိုက်ပါလာသည်။
" ကလေး ကိုယ်တို့လက်မှတ်ထိုးပြီးရင် ဟန်နီးမွန်းကိုဘယ်ထွက်မလဲ"
ဂျောင်ဂုမှတက်ကြွစွာဖြင့် ထယ်ယောင်းဘက်သို့လှည့်မေးလိုက်သည်။ သို့သော်ထယ်ယောင်းမှာကား ရုပ်တည်ကြီးဖြင့်။
" အပိုတွေလုပ်မနေနဲ့ ညားပြီးရင် ပြီးပြီမလား"
" ဟုတ်ပါပြီ ကလေးမသွားချင်ရင်လည်း ကိုယ်အဆင်ပြေပါတယ်"
" ခင်ဗျားကိုအဆင်ပြေလားဘယ်သူမှမမေးဘူး"
အခုချိန်ထိသူ့အပေါ်ဒေါသမသေသေးသော ထယ်ယောင်းရဲ့စကားတွေကြောင့်ဂျောင်ဂုရင်ထဲမှာနင့်ကနည်းဖြင့်။
သို့သော်လည်း။ အနည်းဆုံးတော့ထယ်ယောင်းက အရေးလုပ်သေးတဲ့အတွက်ပျော်ရပါ၏။
ဒီလိုနှင့် တရားရုံးသို့ရောက်သော် ထယ်ယောင်းနှင့်ဂျောင်ဂုကဦးဆောင်ဝင်သွား၍ ကျန်လူများကတော့အနောက်ကလိုက်လာသည်။
မကြာပါ။ ကြိုချိန်းထားသည့်ရှေ့နေက ထိုင်စောင့်နေသည်။
" လာကြပြီလား ရှေ့မှာထိုင်ကြပါ။"