31

729 79 31
                                    

Unicode

Bible~

တပတ်လောက်ရှိလောက်ပြီထင်ပေါ့။ဟိုဘက်က ရှယ်ယာရှင်တွေနဲ့လဲ နေ့ည မပြတ် ဟိုနေရာမှာချိန်းလိုက် ဒီနေရာမှာ ချိန်းလိုက် အလုပ်က မပြတ်ဘူး။အရင်ကထက်ပိုပြီးပင်ပန်းတယ်။stressတွေကြောင့် အိပ်နေရင်းလန့်နိုးတာမျိုးတောင်ဖြစ်နေပြီ။ဒီကလူတွေနဲ့ ဆွေးနွေးပြီးရင် အဖေ့ကို ပြန်ပြီး ပြောပြဆွေးနွေတိုင်ပင်ရသေးတယ်။ငါ့မှာ နားချိန်ဆိုလို့ အိပ်ချိန်ဘဲရှိတာ။ထမင်းစားချိန်တောင်မှ အလုပ်က မပြတ်ဘူး။မုန့်တဖက် လပ်တော့ကတဖက်။အစည်းအဝေးလုပ်နေရင်း အလိုမကျဖြစ်တာကိုတွေ့ရင် ဖြစ်လာတဲ့ ဒေါသကို မျိုသိပ်ရသေးတယ်။ ဒီတပတ်လုံးလုံး အလုပ်ကို အာရုံ နစ်ထားတော့ ကျန်တာ သိပ်ပြီး အာရုံ မစိုက်ဖြစ်ဘူး။ချစ်သူဖြစ်တဲ့Buildနဲ့တောင် ဖုန်းအပြောအဆို မရှိဘူး။မက်စေ့တောင် ငါကပို့ရင်တောင် သူက ချက်ချင်းမပြန်နိုင်ဘူး။ဒီမှာက မနက်ဆို ဟိုမှာ ညလေ။ Buildပြန်ပို့ရင်တောင် ငါလဲချက်ချင်းမပြန်နိုင်ဘူး ။အဲ့လောက်ထိကို အလုပ်များနေတာက ရှေ့ရေးအတွက် အဆင်ပြေနိုင်ဖို့ဘဲလေ။ဒီတခဏအတွင်းလေးကို သေချာအာရုံစိုက်ပြီး လုပ်မှဖြစ်မယ်လို့ အတွေးက ခေါင်းထဲမှာ ရိုက်သွင်းထည့်ပြီးသား။

နားချိန်ခဏရောက်တော့ ဖုန်းကို ဖွင့်ကြည့်လိုက်တယ်။Buildက မက်စေ့အစောင်ရေအများကြီးပို့ထားတာကိုတွေ့တော့ မြန်မြန်ဝင်ကြည့်လိုက်တယ်။စိတ်ထင်တာလား မသိပေမဲ့Buildက အခုတလော တမျိုးဖြစ်နေတယ်လို့ ငါခံစားနေရတယ်။ ဘာကြောင့်များလဲ။အချစ်လျော့သွားတာမျိုး ပြောင်းလဲ သွားတာမျိုး လဲ မဟုတ်ဘူး။ ဘာက ထူးဆန်းနေမှန်းကိုမသိဘူး။ ငါ့ရဲ့ မနောစိတ်က ဒါကို သိပုံဘဲ။Buildက တခုခုကို ဖုံးကွယ်ထားပေမဲ့ ငါ့ကိုပြောချင်နေတယ်။ဒါပေမဲ့ ဝေခွဲမရဖြစ်နေတယ်။ အဲ့ဒါကို ငါခံစားမိနေတယ်။Buildပို့တဲ့မက်စေ့တွေက စိတ်အနှောင့်ယှက်ဖြစ်စေတာမျိုးလဲပါလာတတ်တယ်။ပြီးတော့ ငါအမေရိက မသွားခင် Buildက မက်စေ့ပို့ပြီး မသွားလို့ မရဘူးလားလို့ တားခဲ့သေးတယ်။မသွားလို့မှမရတာ ဒီကိစ္စကြီး အောင်မြင်မှ သူနဲ့ လက်ထပ်ရမှာလေ။အဲ့ဒါဆို အဖေကလဲ ငါတို့အိမ်ထောင်ရေးကိုကြည်ဖြူမှာ မဟုတ်ဘူးလား။

Memories [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now