Part (3)

1.1K 94 0
                                    

သွန်း တီချယ်နဲ့ ကျောင်းသွား ကျောင်းပြန် တူတူသွားဖြစ်ခဲ့တာ တစ်လလောက်ရှိပြီ။ အချိန်ကြာလာတာနဲ့မျှ သွန်းကိုယ့်ကိုကိုယ်သိလာရတယ်။ သွန်း တီချယ့်ကို ချစ်နေမိပြီ။ သို့ပေမဲ့ ကိုယ့်ဆရာမမို့ ချစ်တာလို့သာ စိတ်ထဲမှတ်ယူနေရသည်။ ထိုသို့မဟုတ်တာ သွန်းကိုယ့်ကိုကိုယ်သာအသိဆုံးပါ။

"သွန်း"

"ရှင်"

"သွန်းမေမေက ပြောတယ် သွန်းကျူရှင်မယူဘူးဆို ဘာလို့များလဲ"

"မေမေ့ကိုအလုပ်မပိုစေချင်လို့ပါ"

"အော်.." သွန်းလည်း ကျောင်းတက်ခေါင်းလောင်းတီးပြီမို့ စကားစပြတ်သွားရလေသည်။ ထိုနေ့ကတော့ အရင်နေ့တွေလို အရာအားလုံးပုံမှန်ပင်။

သို့ပေမဲ့ အိမ်ပြန်ရောက်တော့ အရာအားလုံး ရင်ခုန်စရာတွေဖြစ်ကုန်ရသည်။

"သမီး ဒီကိုခဏလာဦး"

"ဟုတ်"

"ဒီညနေ ၆နာရီလောက် သမီးကိုစာသင်ပေးဖို့ ဆရာမတစ်ယောက်လာလိမ့်မယ်"

"ရှင် သမီးမသင်ချင်ပါဘူးဆိုတာကို"

"မသင်လို့မရဘူး စကားကိုတစ်ခွန်းဆိုတစ်ခွန်းနားထောင် ဒါပဲ"ဟုပြောချင်ရာပြောပြီးထသွားသော မေမေ။

သွန်းတစ်ယောက် မတက်ချင်လဲတက်ရတော့မည့် အဖြစ်ကိုတွေးကာ ငိုချင်လာသည်။ လာမဲ့ဆရာမကိုလည်းမသိ။သူမက အရိုက်ကြမ်းလည်း အပေါက်ဆိုးလာလဲမသိ။ အော်....မိသွန်းရေ ညည်းအဖြစ်ကဆိုးလှချည်လား..။

ညနေ၆နာရီရောက်သော်

"သမီးရေ သမီးဆရာမရောက်ပြီ လာကြိုဦး"

"ဟုတ် မေမေလာပြီ"ဟုဆိုသော်လည်း စိတ်ထဲမှ ဘုရားတကာ အခန်းထဲမှထသွားလိုက်သည်။

"ဟင် တီချယ်"
သူမကတော့ ဘာမှမပြောပဲ သွန်းကိုသာ ပြုံးပြနေသည်။ ထိုအပြုံးဟာ အင်မတန်ကိုလှနေသည်မို့ သွန်းလည်း တွေ‌တွေလေး ငေးကြည့်နေမိသည်။

"မေမေက မြတ်နဲ့သမီးနဲ့က တူတူသွားတူတူပြန်ဆိုတော့ ရင်းနှီးပြီးသားထင်ပြီး စာသင်ပေးဖို့အကူအညီတောင်းလိုက်တာ မကောင်းဘူးလား"

မြတ်နိုးရပါသော တီချယ်Where stories live. Discover now