(ပထမဆုံးပြောချင်တာကတော့ Fan Fic ဖြစ်တဲ့အတွက်ကြောင့် Ficလိုပဲဖတ်ပေးကြဖို့တောင်းဆိုလိုပါတယ်...Idol Image ကိုထိခိုက်စေလိုစိတ်လုံးဝမရှိပါ**)
ကျွန်တော့်နာမည် Jakapan Putta...အများခေါ်ကြတာကတော့ Build...သူခေါ်တာကတော့ Bui...ကျွန်တော်က 28နှစ်အရွယ် Graphic Designer တစ်ယောက်ဖြစ်ပီး ကုမ္ပဏီကြီးတစ်ခုမှာ လုပ်ကိုင်နေတာပါ...ကျွန်တော်က ကျွန်တော့်ထက် 3နှစ်ငယ်တဲ့ချစ်သူကောင်လေးရယ်၊Greyနဲ့ Minoလို့ခေါ်တဲ့ကြောင်ဝတုတ်လေးနှစ်ကောင်နဲ့ တိုက်ခန်းလေးတစ်ခုမှာနေထိုင်ပါတယ်...ကျွန်တော့်ဘဝလေးကို သမာရိုးကျပျော်ရွှင်စွာနေထိုင်ရမယ်လို့တွေးထင်မိခဲ့ပေမယ့်ကံကြမ္မာအလှည့်အပြောင်းတစ်ခုက ကျွန်တော့်ကိုပြောင်းလဲစေခဲ့တယ်...
''Bui...ကိုယ်ကြည့်နေတာ မင်းGreyတို့ကို အစာကျွေးနေတာ သုံးကြိမ်တောင်ရှိနေပီနော်''
''ဟုတ်လား...ငါလည်းအလုပ်များနေတာနဲ့ မကျွေးရသေးဘူးပဲ ထင်နေတာ''
''မင်းကျွေးတိုင်းစားနေတာ မင်းသားသမီးတွေကိုလည်းကြည့်ဦး ဝတုတ်ပြဲနေပြီ...လေ့ကျင့်ခန်းလုပ်ပေးမှဖြစ်တော့မယ်''
''ငါ့ မှတ်ဉာဏ်ကလည်းနော်...ကလေးတွေက ဝလည်းချစ်ဖို့ကောင်းပါတယ် Bleရယ်...လေ့ကျင့်ခန်းမလုပ်ပေးလည်းရပါတယ်''
''အဝလွန်ရင်ရောဂါတွေဝင်လာလိမ့်မယ်...သူတို့လည်းသက်ရှိပဲ အို၊နာ၊သေ ဝေဒနာတွေ ခံစားတတ်တယ်...အလိုလိုက်နေလို့မရဘူး''
''ဟား...ဟုတ်ပါပီ မင်းသဘောပါပဲ...ငါရုံးသွားလိုက်ဦးမယ်''
''ဒီနေ့ Sunday လေ Bui...OTလား''
''Sundayလား...ကြားရက်ထင်နေတာ...ငါ့မှတ်ဉာဏ်တွေ တကယ်ချို့ယွင်းနေပီပဲ...အဲ့တာ မင်းကြောင့်''
''မဆီမဆိုင် ဘာလို့လဲ''
''လူဆိုတာ အိပ်ရေးဝဝအိပ်ရတယ်ကွ...ညဆိုလည်း မင်းကြောင့်နောက်ကျမှအိပ်ရတယ် မနက်လည်းအစောကြီးနှိုးပီး ထပြေးခိုင်းတယ်...တော်တော်မညှာတာတတ်တဲ့လူပဲ...အိပ်ရေးမဝလို့ မှတ်ဉာဏ်ချို့ယွင်းကုန်တာနေမှာပေါ့''
''မနက်အစောထပြေးတော့ ကျန်းမာရေးနဲ့ညီညွှတ်တာပေါ့ လေကောင်းလေသန့်လည်းရှူရတယ် မဟုတ်ရင် မင်းကတနေကုန်အညောင်းမိနေတာလေ...နောက်ကျမှအိပ်ရတာ မင်းလည်းတောင်းဆိုလို့မဟုတ်ဘူးလား Buiရဲ့...ဒီနေ့ရုံးပိတ်ရက်ဆိုတော့ လုပ်ငန်းစချင်လား''
YOU ARE READING
MY HEART KNOWS YOU...(One Shot)