Chapter 1

686 39 7
                                    

"အနက်ရောင်ဆိုတာ မကောင်းတဲ့အရောင်တခုပဲ
Shirtပေါ်မှာ စွန်းနေတဲ့ အစွန်းအထင်းလိုပဲ
ညစ်ပတ်တယ်။

ပဲနောက်ရည်က အနက်ရောင်ဖြစ်နေရခြင်းမှာလဲ တိုက်ဆိုင်မူမဟုတ်တာသေချာပါတယ် "

လူတွေကပြောတယ်။
အငယ်ဆုံးသားဖြစ်ရတာ အကောင်းဆုံးပဲတဲ့။
ဘာဖြစ်လို့လဲဆိုတော့ အငယ်ဆုံးလေးတွေကချစ်ဖို့ကောင်းတယ်၊ ကြင်နာတတ်တယ်၊
ခင်မင်ရင်းနီးတတ်တယ်။

တကယ်လို့ အငယ်ဆုံးလေးတွေ တခုခုမှားရင်တောင်မှဘယ်သူကမှ စိတ်ဆိုးမှာ မဟုတ်ဖူး။

ဘယ်လို နေရာ ၊ အိမ်မျိူးမှာမဆို အငယ်ဆုံးလေးတွေက မိသားစုရဲ့ အရေးပါသူလေးတွေပဲ။

ကျွန်တော်က အီယူပါ ။(Seeiw-စီအီယူ)
ကျွန်တော်က အိမ်မှာ အငယ်ဆုံးသား။
ဒါပေမဲ့ ကျွန်တော်တော့ အဲ့လိုမခံစားမိဖူးထင်တယ်။

အီယူမှန်ရှေ့မှာ ကြယ်သီးတွေတပ်နေရင်း
တွေးနေမိသည်။
အီယူတို့ကျောင်းက ဆံပင် ညုပ်ဖို့သိပ်ပြီး
စည်းကမ်းမတင်းကြပ်ပေမဲ့ မှန်ထဲကသူ့မျက်နာသူကြည့်ပြီး ဆံပင်ညုပ်ရတော့မည်ဟုတွေးမိသည်။
နောက်လ အစောပိုင်းလောက်ဆိုရင်တော့ စစ်ဆေးရေးရှိသည်။

အီယူအကျီကို ဘောင်းဘီအမဲထဲ ထိုးသွင်းနေချိန်တွင် အခန်းတံခါးခေါက်သံ နစ်ချက်ကိုကြားရသည်။

"နိုးပြီလား အီယူ"

"အီယူအဝတ်လဲနေတာ Pao"

အီယူတံခါးမြန်မြန်သွားမဖွင့်ခင်
ဘောင်းဘီ ခါးပတ်ကိုဝတ်ဆင်သည်။

Pao က သူ့ညီလေး အီယူ့မျက်နှာကိုမြင်တော့ ပြုံးလိုက်သည်။

"အရမ်းချစ်ဖို့ကောင်း၊ လိမ္မာလိုက်တဲ့ကောင်လေး"

Pao လက်ကြီးက သူလုပ်နေကျအတိုင်း အီယူ့ခေါင်းပေါ်သို့ လူပ်ရှားလိုက်သည်။

Paoကကြင်နာတတ်သည်။
အီယူကို ဘယ်တော့ မဆူဖူး၊အမြဲတမ်းချိုချိုသာသာနဲ့ ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးအကိုပဲ။

"Hey Pao ကောလိပ်ကျောင်းမသွားသေးဖူးလား"

"သွားတော့မလို့ပဲ၊ မနေ့ညက အီယူနောက်ကျမှအိပ်တာလားလို့လာကြည့်တာ"

အချစ်ဦးနှင့်ဖြစ်နိုင်ချေ12%Where stories live. Discover now