တီ တီ တီMessage ဝင်လာသံကြောင့်
ကောက်ကာ ကြည့်လိုက်သည်။"မင်းရဲ့ အတိတ်အကြောင်းကို သိချင်ရင်
ငါပြောတဲ့နေရာကိုလာခဲ့"ဘယ်သူပို့လဲဆိုတာသိသည်မို့ ဖတ်ပြီးသာ
Delete လုပ်လိုက်သည်။သိပြီးသားကိစ္စကို ဘာထပ်သိဖို့ လိုသေးလို့လဲ?"မေမေ အဲ့နေ့က min ကို အဲ့အတိုင်းပြောလိုက်တာ သေချာပါတယ်နော်"
"အခု သားက မေမေ့ကိုပါ မယုံကြည်နေတာလား ?"
"မဟုတ်ပါဘူး သားက ဒီတိုင်း"
"ဒီမယ် သား
မင်း အခုချိန်ထိ ဘာကို စိုးရိမ်နေတာလဲ?
Jimin က သားအနားမှာရှိနေပြီလေ။ဘာတွေကို ထပ်ပြီးစိုးရိမ်နေပြန်တာလဲ?မဟုတ်မှလွဲ
ဟို jeon Jungkook ဆိုတဲ့ ကောင်လေးကြောင့်လား?""မေမေ!!!"
"သား ဘယ်နှစ်ခါ ပြောရမလဲ?အဲ့နာမည်ကို
လက်လွတ်စပယ် မထွက်ပါနဲ့လို့။အထူးသဖြင့် min ရှေ့မှာ""အခု jimin မှ ရှိမနေတာ ဘာတွေစိုးရိမ်နေတာလဲ?"
"Jeon Jungkook "
ကြားလိုက်ရသော အသံကြောင့်
အသံလာရာ လှေကားထိပ်ကို ကြည့်မိတော့
Taemin တို့ သားမိနှစ်ယောက် မျက်လုံးပြူးသွားသည်။min ?
Min အကုန်ကြားသွားတာလား?"Jeon Jungkook ဆိုတာ ဘယ်သူလဲ?"
Jimin မနက်စာ စားရန် အောက်ထပ်သို့ စဉ်းလာစဉ် ကြားနေရသော စကားသံများကြောင့်
Taemin နဲ့ အန်တီတို့နှစ်ယောက် စကားပြောနေကြသည်ကိုသိလိုက်သည်။နီးကပ်လာသည့်အချိန် jeon Jungkook ဆိုတဲ့ကောင်လေးကြောင့်လား ဆိုသည့်နေရာတွင် လှမ်းလာသည့် ခြေလှမ်းများ တုံ့ကနဲပင်။ဘယ်သူလဲ ? jeon Jungkook ဆိုတာ။အောက်ထပ်သို့ မဆင်းသေးဘဲ အကွယ်လေး၌ နေကာ
ဆက်နားထောင်နေလိုက်သည်။taemin ရဲ့
ခနက jeon Jungkook ဆိုသည့် အမည်နာမအား ကျွန်တော့်ရှေ့မှာ ထပ်မထွက်စေဖို့ အန်တီ့အား ပြောလိုက်သော စကားကြောင့် ခေတ္တကြောင်သွားသည်။ဘာလို့လဲ?ဘာလို့ ငါ့ကို မသိစေချင်တာလဲ?အဲ့လူနဲ့ တစ်ခုခုများ ပတ်သက်ခဲ့ဖူးလို့လား?ပုန်းမနေတော့ပဲ
ဆင်းလာကာ မေးလိုက်မိသည်။
YOU ARE READING
More Than Life
Fanficကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-