Unicode
Daisy Will Never Tell You
တစ်နှစ်တစ်ခါ မိသားစုခရီးထွက်ချိန်ရောက်လာပြီမလို့ မိသားစုသုံးယောက် မြို့ငယ်သေးသေးလေးတစ်ကို ခရီးနှင်ခဲ့ကြသည်။ ပုံမှန်ဆို
ဆိုလ်းနဲ့နီးနီးနားနား နေရာတွေကိုပဲ ဖေဖေက ရွေးလေ့ရှိပေမယ့်လို့
ဒီတစ်ခါတော့ 7 နာရီလောက်ကားဖြင့်မောင်းနှင်ရတဲ့ မြို့ငယ်လေးဆီသို့ ကားလေးဟာဦးတည်ခဲ့သည်။အစကတော့ လမ်းမှာတွေ့သမျှ စိတ်ကူးပေါက်ရင်ရိုက်မလို့ စဉ်းစားထားတဲ့ flim camera လေးဟာလဲ အခုတော့ လည်သာအိတ် အညိုလေးထဲမှာသာ....။
အခုတော့ မရောက်ခင် အိပ်ရာက နိုးလာပြီမလို့ ကားမှန်တံခါးကိုချရင်း ဖြတ်တိုက်လာတဲ့လေနုအေးအေးတွေကို မှန်ဘောင်ပေါ်လက်မှီရင်း မျက်လုံးအစုံမှိတ်ကာခံစားလိုက်သည်။
ဖြတ်တိုက်လာတဲ့ လေနုလေးတွေမှာ ငြိပါလာတဲ့ရနံ့သင်းသင်းလေးဟာ ခရီးပန်းနေသမျှကို တပါထဲယူဆောင်သွားသည့်နှယ် စိတ်ကိုလန်းဆန်းစေသည်။
“ဒေစီပန်းနံ့လေးတွေကဝေနေရောပဲ အင်း.......
လေးလပိုင်းဆိုတော့ ဒေစီတွေလဲ ဝေဆာနေအောင်ပွင့်နေရောပေါ့”ကားရှေ့ခန်းမှာထိုင်ပြီး ပန်းအကြောင်းပြောနေတဲ့မေမေက ပြုံးရွှင်နေသည်။ မေမေလဲ သူမနည်းတူ လွင့်ပျံ့လာတဲ့ပန်းရနံ့ကို မျက်လုံးမှိတ်ရင်း ခံစားနေသည်။ ကားမောင်းနေတဲ့ဖေဖေကတော့ မေမေ့ကိုကြည့်ရင်း ပြုံးစစ......။
မြို့အ၀င်လမ်းလေးဟာ မြို့ပြမှ ကားလမ်းများထက်စာရင်အနည်းငယ်ကျင်းသည်။ မြို့ပြတွေ့လောက်မကျယ်ပေမယ့် ကားနှစ်စီးခန့်သွားလို့ရစာမျှသာရှိသည်။ သို့သော် ကားတွေလူတွေထုပ်သိပ်သည်းနေတဲ့ မြို့ပြလိုမဟုတ်ပဲ သစ်ရိပ်ဝါးရိပ်များစွာနှင့် သာယာအေးချမ်းသည်။ လမ်းတစ်ဖက်စီမှာရှိတဲ့ သစ်ပင်အကြီးကြီးတွေက လမ်းကို နေရောင်ကာကွယ်ကာအုပ်ထားသည့်ပုံစံမျိုးဖြစ်တာမလို့ ဒီလမ်းဟာ စက်ဘီးစီးလို့လဲကောင်းမည့်ပုံပင်....။
သစ်ပင်အကြီးကြီးတွေရဲ့ အလွန်မှာတော့ ဖွေးနေအောင်ပွင့်တဲ့ ပန်းခင်းလေးတွေရှိသည်။
YOU ARE READING
Daisy Will Never Tell You (SUNOO xOC)
RomanceView For Youth အတွက်ရေးပေးဖြစ်တဲ့fic လေးပါ hope u enjoy ^ >^ cover လုပ်ပေးတဲ့ @YangontoSeattle ညမလေးကျေးဇူးပါ🥺💓