လူနှစ်ယောက်အတွက်ကွက်တိကျလောက်အောင်ဆောက်လုပ်ထားသော သွမ်မိုး ထရံကာအိမ်ငယ်လေး၏ရှေ့၌ အိမ်လေးအားကြည့်ပြီးပြုံးပျော်နေသောကောင်ငယ်လေးတစ်ယောက်လည်းရှိသလို ထိုပြုံးပျော်နေသောကောင်ငယ်လေးအားကြည့်ပြီး နှုတ်ခမ်းစွန်းလေးတွေကော့တက်ရုံမျှပြုံးနေသော ကောင်လေးတစ်ယောက်လည်းရှိလေသည်။
''အဲ့လောက်တောင်သဘောကျတာလား ''
သူမေးလိုက်တော့ ကိုကိုက အိမ်လေးကိုကြည့်နေရာမှ သူ့ဘက်သို့အကြည့်ရောက်လာကာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြရင်းဖြင့် တစ်ဆက်တည်းမှာပဲ ဆံပင်လေးတွေဝဲခါသွားအောင်အထိ ခေါင်းလေးကိုလည်း ဆက်ခနဲနေအောင်ညိတ်ပြလေသည်။
''အင်း အရမ်းသဘောကျတယ် ''
သဘောကျနေတဲ့ကိုကို့ပုံစံလေးအား သျှင်းသန့်ဦးမှာ ရှုမငြီးစွာပင်ငေးကြည့်နေမိသည်။
သူ့ကိုကိုကပျော်နေရင်သိပ်သိသာတာ ။ မျက်နှာလေးကကြည်လင်ပြီး မျက်လုံးလေးတွေကအစ အရည်လဲ့ကာ ပြုံးပျော်နေတာမျိုး။
ပျော်ရွှင်ခြင်းနှင့်စိတ်လှုပ်ရှားခြင်းတို့ကြောင့် လက်ဖဝါးလေးများအားပွတ်ချေနေသော ခပ်သေးသေးကိုကို့အား အသည်းယားလာတာမို့
သူ့ပခုံးနားလောက်သာရှိသော ကိုကို့ကိုယ်လုံးအား သူ့ရင်ခွင်ထဲရောက်လာအောင် ခါးမှတစ်ဆင့်ဆွဲယူပွေ့ဖက်လိုက်တော့လည်း ကိုကိုက နွဲ့ကာနှောင်းကာဖြင့် သျှင်းသန့်ဦးရင်ခွင်ထဲသို့ ခိုဝင်လာခဲ့သည်။သူ့ရင်အုပ်အားမျက်နှာအပ်နေတဲ့ကိုကိုက သူ့ရဲ့ကိုယ်သင်းနံ့လေးကိုလည်းအနံ့လိုက်ခံနေပြီး အနမ်းသူခိုးလေးလုပ်နေတာကို အပေါ်စီးကမြင်နေရတာဟာလည်း သျှင်းသန့်ဦးအတွက် လောကစည်းစိမ်ကိုခံစားနေရသလိုပါပဲ။
အပေါ်စီးမှမြင်နေရသော ကိုကို့ဆံပင်လေးများထဲသို့ နှာခေါင်းလေးနစ်ဝင်၍ ရင်ခွင်ထဲရှိခန္ဓာကိုယ်လေးအား ကြားလေသွေးလို့မရအောင်ပင် ပွေ့ဖက်ပစ်လိုက်သည်။
''သခင်! ''
ကိုကိုနှင့် ကလူကျီစယ်နေရင်းမှ အနားရောက်လာသောလူနှစ်ယောက်ကြောင့် သျှင်းသန့်ဦး၏ပြုံးယောင်သန်းနေသောနှုတ်ခမ်းစွန်းများသည် တမဟုတ်ချင်းပင်တည်တန့်သွားကာ မျက်နှာထက်၌လည်း အေးစက်သည့်ပုံရိပ်များက အစားထိုးဝင်ရောက်လာခဲ့သည်။
DU LIEST GERADE
ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2
RomantikA story about slow romance with sacrifice between Yangon university students in 1970s Start Date - 27 August 2022 End Date - 23 September 2022 Season 2 - A story about marriage couple and possessive side couples which can contain strong mature conte...