Chapter 2

242 22 8
                                    

"ဆား၊ သကြားစတဲ့ ပစ္စည်းတွေဆိုတာ
အဓိက ပါဝင်ပစ္စည်းမဟုတ်ပါ..
သူတို့က အရန်ပစ္စည်းသာသာပါပဲ..

ပဲနောက်ရည်ဆိုတာလဲ
အရန်ပါဝင်ပစ္စည်းဖြစ်ပေမဲ့
ကိတ်မုန့်လုပ်တဲ့နေရာမှာတော့ အသုံးမဝင်ပါ...."

××××××××××××××

အခန်းရဲ့ နောက်ဆုံးခုံမှာ ထိုင်နေသောသူကိုကြည့်ပြီး အီယူ ခေါင်းခါလိုက်သည်။

ကိတ်က ဆော့ကစားပြီး  တညလုံး လည်း Comic ပဲဖတ်နေတာကြောင့် အခုအိပ်ပျော်နေသည်။

အီယူ့ရဲ့ သူငယ်ချင်းက အီယူ့လက်မောင်းကို လာထိ တာကြောင့် အိပ်ပျော်နေသောကိတ်ဆီမှ အကြည့်လွှဲပြီး Toffeမျက်လုံးတဝိုက်ကိုကြည့်လိုက်သည်။

"အင်း?"

Toffeက နောက် စာသင်နှစ်အတွက်သူတို့ စောစောက ပို့ထားသော Project စာရွက်ကိုလှမ်းပေးသည်။

"Ok"

အီယူခေါင်းငုံ့ပြီး Community service အကြောင်းပါသည့်စာရွက်ကိုဖတ်ကြည့်လိုက်သည်။ သိပ်ပြီးမရူပ်ထွေးတာကြောင့် မြန်မြန်ပြီးနိုင်သည်။
ညကျရင် ကိတ် နဲ့ အတူ လုပ်မှဖြစ်မည်။

နေ့လည်စာအတွက် ခေါင်းလောင်းသံမြည်လာတော့ နောက်ဆုံးခုံတွင် ထိုင်နေသူက ချက်ချင်းမတ်တပ်ရပ်ပြီး ခပ်မြန်မြန် ထွက်သွားသည်။

သူရဲ့ မှတ်စုစာအုပ်ကိုတောင် ကျောပိုးအိတ်ထဲ ထည့်မသွားပါ။ သူတကယ်ပဲ စာလာသင်တာ ဟုတ်ရဲ့လား?

အီယူက Toffe အနောက်မှ လိုက်၍ Cafeteria ကိုသွားသည်။လူများလွန်းတာကြောင့် နေရာလွတ်တောင်မရှိပါ။

"ထိုင်ဖို့ရှိလောက်လား"

Toffeကခေါင်းကို မော့ကြည့်ပြီးမေးသည်။

တကယ်တော့ကျောင်းရဲ့ Cafeteria က ကျောင်းသား များသလောက် သိပ်မကျယ်ပါ။

ဒီထက် ဝေးတဲ့အဆောက်အုံမှာ အတန်းရှိတဲ့နေ့သာဆိုရင် ဘာစားပွဲမှရနိုင်မှာမဟုတ်ပါ။

နေရာမရတဲ့သူများအား လှည့်လည်သွားလာနေကြသည်ကိုနေရာအနှံမြင်နိုင်သည်။

"ငါတို့ဘယ်လိုလုပ်ကြမလဲ၊ ဒီနေ့ ကော်ပရေးရှင်းဘက်မှာသွားစားကြမလား"

အချစ်ဦးနှင့်ဖြစ်နိုင်ချေ12%Where stories live. Discover now