My...2

71 5 0
                                    

My...2

အခန်းထဲဝင်လာသူတစ်ယောက်...ဖြည်းညင်းစွာဝင်လာသော်ထိုသူ ထို့နောက်ထိုသူက ရှောင်ကျန့်အိပ်နေသော
ကုတင်ပေါ်တွင်ထိုင်ချလိုက်သည် ထိုနောက်ထိုသူက
ရှောင်ကျန့်အားကြည်ကာ

'ဒါ ငါအိမ်´

ဟုပြောကာ​ပျောက်ကွယ်သွားသည်
ထိုအကြောင်းအရာကိုအိပ်နေသောကောင်လေးမှာမသိလိုက်ပေ ..

--

'ဝှါးးး´

ရှောင်ကျန့်နိုးလာတော့ညနေတောင်စောင်းနေလေပြီ

"ဟာ သွားပြီ ငါမားကိုဖုန်းမဆက်ရသေးဘူး စိတ်ပူနေတော့မှာပဲ "

ဟုဆိုကာ ဖုန်းကိုင်ရဲ့ 'မား💗´ ဟုရေးထားသောနေရာလေးသို့ နှိပ်လိုက်လေသည်

*သားငယ် မင်းနှယ် ဖုန်းကိုခုမှဆက်တယ် ဒီမှာမင်းမမကမင်းကိုစိတ်တွေပူနေတာ မင်းသွားတာလဲကြာပြီ ဖုန်းကိုဆက်မလာဘူးပြောတော့ဖြင့် ဘာတဲ့သားဖုန်းခနခနဆက်ပါမယ်ဆိုပြီး*

သူတောင်ဘာမှမပြောရသေးချစ်မိခင်ဆီမှစကားမှား
တစ်ရစပ်ထွက်လာလေသည်

*အာဟုတ်ပါတယ်မားရယ်သားရောက်ရောက်ချင်း အိမ်စာချုပ်ချုပ်ရတယ် နောက်တော့လည်း အိမ်အတွက်စီစဥ်ရသေးတယ် အိမ်ထဲရောက်ပြန်တော့လည်းပင်ပန်းလို့တန်းအိပ်ပျော်သွားတာ*

*ဆင်ခြင်တွေကတော့နော်သားငယ် ဒီမှာမင်းမမပြောမလို့တဲ့*

*ဟုတ်မား*

*ဟယ်လို ကျန့် နင်ကလဲဟာ မမကိုတောင်ဘာမှမပြောသွားဘူး နင်တကယ်နေနိုင်တယ်*

*ဟာမမကလဲနင့်အလုပ်ကိစ္စတွေနဲ့ရောငါကိစ္စတွေနဲ့ပါရှုပ်နေတာဆုံမှမဆုံမိကြတာ ဘယ်လိုပြောမလဲဟ မသွားခင်ကလဲမားကိုမှာခဲ့တာကို*

*အော်ဟယ် ငါအမစိတ်ပူတာပေါ့ဟဲ့*

*ဟုတ်ပါပြီ ဟုတ်ပါပြီမမရာ ငါခုမှအိပ်ယာထတာဘာမှမလုပ်ရသေးဘူးပြီးမှပြန်ဆက်လိုက်မယ်နော်*

*အေး ပီးရင်တော့ပြန်ဆက်နော်*

*အေးပါဟ*

တီ~~~~

ဖုန်းချသွားပြီးနောက် ရှောင်ကျန့်ကုတင်ပေါ်မှဆင်းကာ
မျက်နှာသစ်ရန်ပြင်ရတော့သည်

My favorite person is a ghostHikayelerin yaşadığı yer. Şimdi keşfedin