ကျိန်စာ၏တန်ပြန်သက်ရောက်မှု

1.3K 243 56
                                    

သေဆုံးသွားခဲ့ပြီးတဲ့စိတ်ဓာတ်တွေဟာ ဒီနေ့အတွက်လည်းအမှောင်ထုတိမ်စိုင်တွေဖြစ်နေနိုင်တယ်။ ဒီရင်ရဲ့အနက်ရှိုင်းဆုံးကလည်း ဗလာသက်သက်အပြင်မကျန်တော့တာမို့ ပျက်သုဉ်းခဲ့ပြီးတဲ့နှလုံးသားနဲ့ငရဲကျနေခဲ့တဲ့ဘဝကို မကြည့်ချင်ပါနဲ့တော့။

ကိုယ့်ဘဝကမင်းထားခဲ့တုန်းကလိုမျိုးပဲမို့ မလှပဘူး ကလေးငယ်ရဲ့။

ဒါကြောင့်မို့နားထောင်ပေးပါ။
အရာအားလုံးမရှိတော့တဲ့ဘဝမှာ ဒီအတ္တလေးတော့ ကိုယ်မင်းအပေါ်ထားရှိချင်တာမို့ နားလည်ပေးပါ။
တောင်းဆိုတာများသွားခဲ့မယ်ဆိုရင်တောင် ဒါလေးတော့လိုက်လျောပေးပါ။

ကိုယ်ဟာ မင်းအတွက်အရှုံးပေးခဲ့ပြီးသားမို့....

"စတင်ခဲ့ကတည်းကနိုင်နေပြီးသားဒီဂိမ်းလေးတစ်ခုကို မင်းဆက်မဆော့ပါနဲ့တော့"

Tale of the Moonlight

"Hyung ဘာဖြစ်နေတာလဲဟင် အပြင်ကပြန်ရောက်တည်းကမှိုင်နေတာပဲ"

"Hyungဘာမှမဖြစ်ပါဘူး ဒီအတိုင်းနည်းနည်းပင်ပန်းနေလို့"

"ဖွားဖွားကိုသံပရာရည်ဖျော်ဖို့ သားသွားပြောပေးရမလားဟင်"

"ရတယ် ရတယ် Hyungဒီတိုင်းပဲအဆင်ပြေတယ်"

"ဟုတ် ဒါဆိုသားသွားတော့မယ်နော်"

"အင်း"

ထယ်ယောင်းအပြင်ကပြန်လာပြီးကတည်းကငိုင်ကျသွားခဲ့တာ အတော်နုံးခွေသွားသည်။ ဒီခံစားချက်ကြီးကဖော်ပြလို့မရနိုင်တဲ့အရာလိုမျိုး စကားလုံးရှာမရ။ သူစိမ်းတစ်ယောက်ရဲ့ရင်ထဲမှာ ငိုချခဲ့လိုက်ရတာကြောင့်များလား။ ရင်ထဲမွန်းကြပ်ပြီးလေးနေခဲ့တယ်။

"သားလေး နေကောင်းရဲ့လား"

ယိုင်နဲ့နဲ့နှင့်အဖွားအိုကအခန်းထဲရောက်လာရင်းမေးသည်။ ထယ်ယောင်းမနက်ကမက်ခဲ့တဲ့အိပ်မက်ဆိုးကြောင့်လန့်နေသေးပေမဲ့ အခုအဖွားရဲ့မျက်နှာကတော့နွေးထွေးမှုအပြည့်နှင့်စိတ်‌ပူနေဟန်။

အင်းလေ အိပ်မက်ကအိပ်မက်ပဲ။

"မြေးလေးကလာပြောလို့ကွယ် ဘယ်လိုဖြစ်တာလဲကွဲ့ အဖွားသံပရာရည်ဖျော်ပေးရမလား"

Tale of the Moonlight 𐤀 [Completed]Where stories live. Discover now