ညလယ်ပိုင်းရောက်သော်ဂျောင်ဂုဗိုက်နာလာသည့်အတွက်သန့်စင်ခန်းကို အားတင်းကာသွားသည်။
ထယ်ယောင်းနှင့်လည်းအခန်းခွဲပြီးမအိပ်ဖြစ်တော့တာမို့နိုးသွားမည်စိုးသဖြင့်ခြေသံတိတ်တိတ်ဖြင့်သာသွားရ၏။
သန့်စင်ခန်းရောက်သော်လည်းသူ့ခမျာအတော်ဒုက္ခရောက်သည်။ တော်သေးသည်ကအစာမာစားမထားပေလို့သာပေါ့။
ဒီလိုနှင့်သူလည်းသေချာသန့်စင်ပြီးတော့ အိပ်ယာကိုပြန်လာခဲ့သည်။
သူ့ဘက်ကိုလှည့်အိပ်နေတဲ့ထယ်ယောင်းက ကားယားကြီးဖြစ်နေတာကြောင့်ဂျောင်ဂုမှာမရယ်မိအောင်ထိန်းယူရသေးသည်။
ဒီလိုနှင့်တစ်ညတာကုန်ဆုံးပြီးသည့်နောက်မနက်နေထွက်ချိန်သို့ရောက်လာပေတော့သည်။
" ကလေး ကလေးရေ~"
" ဟာ ဘာလဲဗျာ"
ထယ်ယောင်းက သူ့ရဲ့နားတွေကိုခေါင်းအုံးနဲ့ဖုံးလိုက်ရင်းပြောသည်။
" ထတော့လေသင်တန်းသွားမှာမလား။"
" ကျစ်*! ခင်ဗျားအပူမပါဘူး။ သင်တန်းကမတက်တော့ဘူးပြောပြီးသား။ နောက်ပြီးဒီနေ့ ဂျီမင်းတို့နဲ့ Birthday party ရှိတယ်နောက်မှအဲ့ဒီ့ကိုသွားရမှာ။"
" ဟုတ်ပြီ ဟုတ်ပြီ။ ဒါဆိုကိုယ်အောက်ထပ်မှာကလေးအတွက်မနက်စာပြင်ထားပေးမယ်။ ဒီတစ်ခါတော့စားမယ်မလား။"
"အင်း"
" ဒါဆိုအိပ်ရေးဝရင် ရေချိုးပြီးဆင်းခဲ့နော်။ ကိုယ်အောက်မှာစောင့်နေမယ်။"
" အင်း"
ဂျောင်ဂုမျှော်လင့်တကြီးမေးလိုက်သော်လည်းထယ်ယောင်းကတော့တစ်ခွန်းတည်းသာဖြေပြီးဆက်အိပ်နေသည်။
ဒါကြောင့်။ ဂျောင်ဂုလည်းထယ်ယောင်းအိပ်ရေးပျက်မည်စိုးသဖြင့် ထလိုက်ပြီး မျက်နှာသစ်အင်္ကျီလဲနှင့်။ ဒဏ်ရာတွေကိုေဆးလိမ်းကာအောက်ထပ်သို့ဆင်းလာခဲ့သည်။
နောက်တော့။ ရေခဲသေတ္တာထဲကပေါင်မုန့်တစ်ချပ်ကိုဖြစ်သလိုစားပြီးဆေးသောက်လိုက်၏။
ထိုအလုပ်တွေပြီးကာမှ။ ထယ်ယောင်းအတွက်မနက်စာလုပ်ပေးရန်မီးဖိုခန်းဝင်ရတော့သည်။