Ferocious Horizon -1

13.9K 540 60
                                    

[Unicode]

"တက်တူးရေးရေ ယောင်းတို့ ပြန်ရာပါပြီ"
"တက်တူးရေးရေ ဟွန်းတို့ ပြန်ရာပါပြီ"

စီးထားတဲ့ဖိနပ်ကို ကိုယ်‌လေးကိုင်းပြီး လက်လေးနှစ်ဖက် နဲ့ အသည်းအသန်ချွတ်နေရင်း အပြိုင်အဆိုင် အော်ပြောနေကြတဲ့ ယောင်းလုံး နဲ့ ဟွန်းကစ်။ လွယ်အိတ်လေးနှစ်လုံး နဲ့ ခြင်းတောင်းကို လက်တစ်ဖက်တည်းနဲ့ ကိုင်ပြီး ဝင်လာတဲ့ ဂျွန်ဂျောင်ကု။ -င်လေးတွေထောင်ကာ ဖိနပ်အပြိုင်အဆိုင်ချွတ်နေကြတဲ့ အမြွှာလေးနှစ်ယောက်ကို ကြည့်ပြီး ခေါင်းယမ်းကာ အိမ်ထဲအရင်ဝင်လာလိုက်တယ်။

"ဒီဒီ အရင်ဝင်နဲ့ရေ စောင့်ဦးရို့"
"ဟွန်းတို့ကို စောင့်ဦးရေ ဒီဒီ"

အနောက်ကနေ စီကနဲထွက်လာတဲ့အော်သံလေးတွေကို မသိချင်ယောင်ဆောင်ပြီး အိမ်တော်ထိန်းလက်ထဲ လွယ်အိတ်တွေ နဲ့ ခြင်းတောင်းကို ထည့်ပေးလိုက်တယ်။ ‌လှေကားပေါ်ကနေ ဆင်းလာတဲ့ ကင်မ်ထယ်ယောင်း က ဂျွန်ဂျောင်ကု ပခုံးကို ဝင်တိုက်ပြီး မျက်စောင်းတချက်ထိုးကာ အမြွှာလေးတွေဆီကို သွားဖို့ပြင်နေတာမို့ ခါးကနေ လှမ်းဆွဲလိုက်တော့ သူ့ရင်ခွင်ထဲ အံဝင်ဂွင်ကျ ရောက်လာတယ်။

"ဘာလဲ ငါ့သားတွေကို ဖိနပ်သွားချွတ်ပေးဦးမယ် ဖယ်"

"ဖယ်စရာလား အိမ်ထဲအရင်ရောက်တဲ့သူကို နမ်းမယ်ဆို ကိုယ် အရင်ရောက်တာလေ တက်တူးလေးရဲ့"

"ဒါလင် အဲ့ဒါငါက အမြွှာလေးတွေကို ပြောတာလေ မင်းမပါဘူး ဖယ်ကွာ"

"ကိုယ်လည်း အမြွှာပဲလေ မနမ်းရင် မလွှတ်ဘူးနော် တက်တူးလေး"

"ဂျွန်ဂျောင်ကု မင်း ဘယ်လိုဖြစ်နေတာလဲ ဟိုမှာ ငါ့သားတွေ ငိုတော့မယ်"

"မနမ်းရင် ကိုယ်လည်း ငိုမှာနော် တက်တူးလေး"

"ဒီလူဆိုးကောင်ကတော့ ငါ့ကို စိတ်တိုအောင်လုပ်နေတယ် ကဲ ကဲ ရပြီလား"

ကင်မ်ထယ်ယောင်း ဂျွန်ဂျောင်ကု ပါးပြင်ကို ခပ်ဆောင့်ဆောင့် နမ်းတော့မှ ခါးကို ဖက်ထားတဲ့ လက်ကို လွှတ်ပေးတယ်။ ဂျွန်ဂျောင်ကုဆီ မျက်စောင်းတချက်ထပ်ထိုးပြီး ငိုမဲ့မဲ့ဖြစ်နေတဲ့ အမြွှာလေးနှစ်ယောက်ဆီကို ပြေးသွားကာ ဖိနပ်ကူချွတ်ပေးရတယ်။

Beyond the Ferocious Horizon //Completed//Where stories live. Discover now