🍷(၄)

7.3K 573 4
                                    

" စီးကရက်နံ့တွေမွှန်နေတဲ့အခန်းထဲ မအိပ်ချင်ဘူး "

တံခါးနားတွင်ရပ်ကာ အကြောင်းပြချက်ပေးနေသူအား ဖုန်းသုံးရင်းမှ လှမ်းကြည့်လိုက်သည်။
ညအိပ်ဂါဝန် အဖြူရောင်လေးနှင့် အပေါင်လေးသည် မိုးကောင်းကင်ပေါ်မှ တုနှိုင်းမဲ့ကြယ်တာရာလေးအလား။ ပင်လယ်ပြာပြာအောက်မှ အဖိုးတန် ကမာပုလဲလုံးလေးအလား။

" စကားအရစ်ရှည်မနေနဲ့ လာခဲ့ အိပ်မယ် "

ဟန်းဖုန်းလေးကို စားပွဲပေါ်၌တင်ကာ တံခါးဝတွင်ရပ်နေသူအား သွားခေါ်ရပြန်သည်။ လက်ဆွဲပြီး အတင်းအကြပ်မခေါ်မချင်း လာမယ့်လူမျိုးမဟုတ်။ လူကောင်သေးလောက် ခေါင်းကြောမာတဲ့ နှစ်ယောက်မရှိ အဆိုးအဆာလေးပေါ့။

" ဒီဖက်လှည့် "

ကျောပေးကာအိပ်နေသူသည် ကုတင်အစပ်နား၌။ မတော်ပါက အောက်သို့လိမ့်ကျပြီး ကျောနာတော့မည်။

" ဘာလုပ်ဖို့လဲ "

" လှည့်ဆိုလှည့်လေ၊ မင်းစကားအတော်များတာပဲ "

အပေါင်လေး လှည့်ကြည့်လာသောအခါ ရင်ခွင်ထဲ အမြန်သိမ်းဖက်ထားလိုက်၏။ ရုတ်တရက်မို့ ကြောင်အစွာငြိမ်သက်နေပြီးမှ အသိပြန်ကပ်ကာ ရုန်းကန်လာသူကြောင့် နားရွက်ဖျားလေးအား ငုံ့နမ်းလိုက်သည်။ ဆက်လက်ရုန်းကန်ခြင်းမရှိတော့ပါပဲ မျက်ဝန်းရွှဲများဖြင့် မော့ကြည့်လာ၏။ ထို့ပြင် ဘာစကားတစ်ခွန်းမှ မပြောမိကြပဲ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားမိကြသည်။

ပြတင်းပေါက်မှ ဝင်ရောက်လာသော ‌လေညှင်းတို့အား ဘဝင်မကျပါ။ သူမအား ဆွဲခေါ်သွားတော့မည့်အလား ခပ်ကြမ်းကြမ်းတိုက်ခတ်နေသည်လေ။

" အပေါင်လေး ... တို့ကိုလက်ထပ်ပါလား "

" မိန်းမချင်း လက်ထပ်လို့ရပါ့မလား "

" မင်းနဲ့သာဆို တို့အတွက်ရတယ် "

" ချစ်လား "

" ချစ်မိခြင်းက အရှုံးတဲ့၊ တို့ရှုံးရတာကို မကြိုက်ဘူး အပေါင်လေး။ ဒါပေမယ့် မင်းအတွက်သာဆို အဲ့အရှုံးကို ဦးထိပ်ပန်ဆင်ရဲတယ် "

ထပ်တူကြသွားသည့် နှုတ်ခမ်းများ။
အပေါ်တစ်လှည့်၊ အောက်တစ်လှည့်ဖြင့် အမျိုးမျိုး ဖလှယ်ကြပြီးနောက် ရပ်တန့်လိုက်ကြသည်။

အပေါင်လေး (completed)Tempat cerita menjadi hidup. Temukan sekarang