၁၈

548 78 6
                                    

တစ်နေ့သ၌ ခီရာသည် စံအိမ်ကြီး၏အပေါ်ဆုံးထပ်သို့ ဦးတေဇခီရာထံမှ အခေါ်ရှိသဖြင့်သွားလေရာ လမ်းတွင်  တံခါးအကွယ်၌သူ့ကိုချောင်းကြည့်နေသော ကောင်လေးတစ်ယောက်ကိုမြင်လိုက်ရလေသည် ။

ကောင်လေးမှာ ဖြူဖြူသေးသေးနှင့် ကလေးဆန်သောဟန်ပန်လေးပင်မပျောက်သေး ။ ဒီကောင်လေးကို သူသွားလေရာတိုင်း၌ ပုန်း၍တစ်မျိုး ၊ ကွယ်၍တစ်ခါ မကြာခဏတွေ့မိနေသဖြင့် သူသတိထားမိသည်မှာ ကြာလှပေပြီ ။

တံခါးကိုကွယ်ပြီး သူ့ကိုယ်သူလုံလှပြီထင်အောင်ပုန်းနေပါသောကောင်လေးကို တည့်တည့်စိုက်ကြည့်ပြီး ခီရာ လက်ညှိးတစ်ချောင်းကွေး၍ အနားကိုလာရန်ခေါ်လိုက်သည် ။ ကောင်လေးက သူလူမိသွားမှန်းသိတော့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ အနား ရောက်လာ၏။

"မင်းကို ဘယ်သူက ငါ့နောက်လိုက်ဖို့ခိုင်းထားတာလဲ"

"ဘယ်သူမှမခိုင်းပါဘူး"

"ယောက်ျားက စကားကိုကျယ်ကျယ်ပြောရတယ်ကွ"

ဆယ့်ခွန်၊ဆယ့်ရှစ်ပတ်ဝန်းကျင်သာရှိလိမ့်ဦးမည်ထင်သည် ။ ဆံပင်တွန့်လိမ်ကောက်လေးတွေနဲ့ ခပ်မှေးမှေးမျက်လုံးလေးတွေရှိသည် ။ နှာဖျားချွန်ချွန်လေးနဲ့ မျက်နှာပေါက်မှာ ရင်းနှီးသလိုရှိသော်လည်း ဒီကောင်လေးဘယ်သူမှန်း သူမသိ။

စကားပြောတာ မပွင့်တပွင့်နဲ့မို့ သူငေါက်လိုက်တော့ ဇာတ်လေးပုသွားတာ ပြန်ကိုထွက်မလာတော့ ။

"ပြောစရာမရှိရင်လည်းသွားတော့ ။ နောက်တစ်ခါငါ့နောက်လိုက်ချောင်းနေတာမိရင် လက်သီးစာမိမယ်မှတ်"

ခီရာပြောပြီး ပြန်လှည့်အထွက် နောက်ကအသံလေးထွက်လာသည်။

"ဦး....ဦးငယ်"

ဦးငယ်? ခီရာ့ခြေလှမ်းတွေရပ်တန့်သွား၏။

"မေ မေမေက... ဦးငယ်က သားရဲ့ဦးငယ်လို့ပြောလို့ ။ ပြီးတော့ ဦးငယ်ကထူးဆန်းနေတာကိုး လိုက်ကြည့်တာပေါ့"

အနက်နှင့်ရွှေရောင်ပြေးနေသော ပွဲတက်ဂါဝန်ရှည်ကို သေသပ်လှပစွာဝတ်ဆင်ထားပြီး မိန်းမစီးဒေါက်ကို အတိမ်းအစောင်းမရှိ ကျွမ်းကျင်စွာစီးလျက် စံအိမ်တစ်ခုလုံးမည်သူ့မျှဂရုမစိုက်ဘဲ သူသဘောကျနေနေပါသော ခီရာ့ကို ကောင်လေးကအထူးအဆန်းဖြစ်နေပုံပင်။

နိယာမ(Desire)    [ခေတ္တရပ်နား]Donde viven las historias. Descúbrelo ahora