အပိုင်း - ၄၃

2.6K 177 6
                                    


"အား.....!"

အချိန်အားဖြင့် မနက် ၄နာရီခန့်

စူးစူးဝါးဝါး ထအော်လိုက်သံကြောင့် ရာရာလန့်နိုးလာ၏။

တစ်ဖက်ခုတင်ဆီအကြည့်ပို့မိတော့ ကြောက်လန့်နေဟန်ဖြင့် မှန်သားက တဆက်ဆက်တုန်နေရှာသည်။

" သွားချွန်လေး သွားချွန်လေး ဘာဖြစ်လို့လဲဟင် "

မှန်သားအနားတိုးကပ်သွားမှ သူ အတော်ကြောက်နေရှာမှန်းသတိပြုမိရ၏။

မှန်လေးက တစ်ကိုယ်လုံး ရေချိုးထားသည့်နှယ် ရွှဲရွှဲစိုနေကာ အသက်ရှူသံများလည်း မြန်နေရှာသည်မို့ ရာရာ အနားမှ tissueဘူးကိုဆွဲကာ မှန်သားမျက်နှာတစ်ဝိုက်ဆီ ခပ်ဖွဖွလေးသုတ်ပေးရင်း လက်တစ်ဖက်ကလည်း မှန်သားကျောလေးကို ခပ်ဖွဖွပုတ်ပေးလိုက်ရသည်။

" ရေ ရေသောက်မလားဟင် "

ရာရာ ပြောလည်းပြော ရေသန့်ဘူးတစ်ဘူးကိုလည်း ဆွဲယူကာ ရေတစ်ခွက်ငှဲ့ပေးလိုက်သည့်အခါလည်း တစ်ခွက်လုံးကုန်အောင်သောက်ရှာ၏။

ရေသောက်ပြီးချိန်တော့ အသက်ရှူသံအနည်းငယ် တည်ငြိမ်သွားသည်မို့ ဘေးမှရာရာပါ အသက်ရှူချောင်သွားရသည်။

" အဆင်ပြေလားဟင် အိပ်မက်ဆိုးမက်နေတာလား "

"အင်း အိပ်မက်မက်နေတာ အတော်ဆိုးတဲ့အိပ်မက်..."

မှန်သားပုံစံလေးက အခုထိ အိပ်မက်ကိုကြောက်လန့်နေပုံပင်...

" သွားချွန်လေး အခု အဝတ်လဲပစ်နော် ချွေးနဲ့ အအေးပတ်နေမယ် "

ရာရာက မှန်သားအဝတ်အစားအိတ်ထဲမှ အင်္ကျီနှင့် ပုဆိုးတစ်ထည်ထုတ်ပေးရင်း ပြောလိုက်တော့ မှန်သားက ခပ်ငေးငေးလေးပြန်ကြည့်လာ၏။

" ဒီနေရာမှာပဲလဲလိုက် ပုဆိုးထုတ်ပေးထားလို့ အဆင်ပြေမှာပါ "

ရာရာ အသာအယာပြုံးရင်းပြောလိုက်တော့ မှန်သားက ခေါင်းညိတ်ပြလာ၏။

ဒေါက် ဒေါက် !
"ရာသက်ပန် မှန်သား ဟေး ရာသက်ပန် "

အပြင်ဘက်မှ တံခါးခေါက်သံကြောင့် မှန်သားက မျက်လုံးလေးအဝိုင်းသားဖြင့် ရာရာ့ကို ကြည့်လာ၏။

Cupid's Compass (Completed )Where stories live. Discover now