[Unicode]
⚠Spoiler Alert⚠Spoil မကြိုက်တဲ့သူဆိုရင် storyမဖတ်ရသေးခင် ဒါကိုအရင်မဖတ်ပါနဲ့...
(1)
-ရိန်း အတုအယောင်ကမ္ဘာကိုသွားတုန်းက ရိုလန်ရဲ့ဝိညာဥ်ကပ်ပါလာရခြင်းက crystalကြောင့်ပဲဖြစ်ပါတယ်။
ရိန်းတို့ Cမြို့တော်ကို သွားပို့တဲ့ crystalက ထူးခြားတဲ့စွမ်းအင်ရှိတဲ့ crystalတစ်မျိုးပါ။
ရိန်းရော ရိုလန်ရော crystalကို အချိန်ပိုင်းလေးအတွင်းမှာ အတူထိမိခဲ့တာဖြစ်ပြီး
ရိုလန်ကလည်း ရိန်းအပေါ် ခံစားချက် ရှိနေတာကြောင့် crystalရဲ့ စွမ်းအင်က သူတို့အပေါ်သက်ရောက်သွားတာပါ။(2)
-ရိုလန် လေညှင်းတောင်ကြားမှာ ရောက်နေတဲ့ 6လအတွင်း ရိန်းအသက်က 19နှစ်ပြည့်ပြီးသွားပါပြီ။(3)
-ရိန်းဘဝမှာ သုံးကြိမ်ချစ်ခဲ့ဖူးပါတယ်။
ပထမအကြိမ်က စစ်တက္ကသိုလ်မှာ သူ့ကိုအားပေးစကားပြောခဲ့တဲ့ စီနီယာအစ်ကိုဖြစ်ပြီး၊
ဒုတိယအကြိမ်က အတုအယောင်ကမ္ဘာထဲက ဒီပ နဲ့
တတိယအကြိမ်က ရိုလန်ဖြစ်ပါတယ်။
မတူတဲ့အချိန်နဲ့ မတူတဲ့နေရာမှာ တွေ့ပြီး
fall in loveသွားပေမယ့် သုံးကြိမ်လုံးက ရိုလန်တစ်ယောက်တည်းပါ
(ဒီနေရာမှာ နည်းနည်းရယ်ချင်တယ်:3)(4)
-များသောအားဖြင့် Alphaတွေကအချင်းချင်းပဲ သူငယ်ချင်း လုပ်ကြပေမယ့်
ရိန်းရဲ့သူငယ်ချင်းတွေထဲမှာတော့ Alphaနည်းပြီး Betaများပါတယ်
ဘာလို့လဲဆိုတော့ စစ်တက္ကသိုလ်မှာတုန်းက တခြားAlphaတွေနဲ့အဆင်မပြေတော့ Betaဆောင်မှာနေခဲ့ရလို့ပါ:p
ဒါကလည်း Black Wolfဌာနမှာ Betaများနေရခြင်း အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။
ရိန်းရဲ့တစ်ဦးတည်းသောAlpha သူငယ်ချင်းက Julian(ငါးမန်းနီ)ပါ(5)
-ရိန်းရဲ့အဖေဘက်ကအဘွားနဲ့ အမေဘက်ကအဘွားမှာ သိပ်ပြီးပြေလည်တဲ့ ဆက်ဆံရေးမရှိခဲ့ပါဘူး။ အဲ့ဒါကြောင့် သမီးဖြစ်သူသေဆုံးပြီးတဲ့နောက်မှာ အမေဘက်က အဘွားက ရင်းကိုခေါ်သွားခဲ့တာပါ။(6)
-ရိန်းက တစ်ခါပဲတွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်(စီနီယာအစ်ကို) ကို လွယ်လွယ်ကူကူပဲဘာလို့ချစ်မိသွားသလဲဆိုတော့ အဲ့တုန်းက ရိန်းကအသက်14နှစ်သာရှိသေးပြီး စိတ်ကစားတဲ့အရွယ်မို့ပါ
ပြီးတော့ အဲ့ဒီအချိန်တုန်းက ရိန်းက တကယ်ကိုစိတ်ဓာတ်ကျနေခဲ့တာဖြစ်ပြီး အစ်ကိုတွေနဲ့အဘိုးကလွဲပြီး တခြားဘယ်သူ့ဆီကမှ မရဖူးတဲ့ နွေးထွေးမှုမျိုးကို ခံစားလိုက်ရတာကြောင့် စီနီယာအစ်ကိုကိုမြင်မြင်ချင်း သဘောကျသွားတယ်လို့ ယူဆလို့ရပါတယ်
YOU ARE READING
Heart of Leona[completed]
Fiksi UmumMyanmar x Normal (Unicode+Zawgyi) 🌸Owncreation🌸 Total: 44 parts + 7 extra This story is just my imagination. Male Alpha x Female Alpha