သွန်းတစ်ယောက် ရေချိုးလိုက်ပြီး အဖြူရောင်၀မ်းဆက်လေးကို ၀တ်ကာ အပြင်သို့ထွက်လိုက်သည်။ သွန်း တီချယ့်ဆီသို့ တည့်တည့်ကြီးလျှောက်သွားလေသည်။ တီချယ်ကတော့သွန်းကို မျက်တောင်မခတ်ကြည့်နေလေသည်။ သွန်းလည်း သူမကသာ တီချယ့်အား ထိုသို့စိုက်ကြည့်ဖူးသည်မို့ တီချယ်ကပြန်ကြည့်နေတော့ နေရခက်နေလေသည်။
"ဟို တီချယ် သွားရအောင်လေ ကားပိတ်နေလိမ့်မယ်"
"အော် အင်း သွားမယ်လေ" သွန်းပြောလိုက်မှ ပိုက်ဆံအိတ်ကလေးကောက်ကိုင်ကာ ရှေ့မှထွက်သွားလေသည်။
"မေမေ အဲ့တာဆို သမီးသွားလိုက်ဦးမယ်နော်"
"အေးအေး ဂရုစိုက်နော်" သွန်းလည်း တီချယ့်ေနာက်ကိုအမှီလိုက်သွားလေသည်။ ကျန်ခဲ့သော သွန်းအမေမှာတော့ ပြုံးရုံမျှသာ။
"တီချယ် တီချယ် စောင့်ပါဦး"
သူမ ခြေထောက်များတုံ့ခနဲ့ ရပ်သွားကာ သွန်းဘက်သို့လှည့်ကြည့်လာသည်။"သူ့ဟာသူနှေးတုတ်နှေးတုတ်ဖြစ်နေတာကိုများ..."
"မဟုတ်ပါဘူး တီချယ်ရယ် ဒါနဲ့ ခုဘယ်သွားနေတာလဲ"
"အိမ်ကို.."
"ဟင် ဘုရားသွားမယ်ဆို"
"ဟုတ်တယ်လေ ကားသွားယူမလို့"
"ေအာ် ဟုတ်"
တီချယ်လည်း သူမအိမ်မှ ကားကိုယူကာ ဘုရားသို့ထွက်လာခဲ့သည်။
"တီချယ်"
"ရှင်"
"တီချယ်ကလေ ကားမောင်းနေတဲ့ပုံနဲ့လည်း သိပ်လိုက်တာပဲနော်"
"အို...မြှောက်နေပြန်ပါပြီ"
"ဘုရားစူးပါ တီချယ်ရယ် တကယ်လှတာ"
"ကျေးဇူးပါရှင် အပြန်ကျမှ မုန့်၀ယ်ကျွေးမယ်"
"ဟီး သမီးအတွက်အဲ့တာတွေမလိုပါဘူးတီချယ်ရယ်"
"အဲ့တာဆို ဘာလိုလဲ"
"တီချယ့်ကို.." နှုတ်မှလွတ်ခနဲထွက်သွားမိသော ထိုစကား။
"အဲလေ...တီချယ့်ကို ယောက်ျားမယူစေချင်တာကို ပြောတာ"
"အော် ရှင်ကအတင်းယူခိုင်းရင်တောင် ကျွန်မကယူမှာမဟုတ်ဘူး ရှင်ရဲ့"
YOU ARE READING
မြတ်နိုးရပါသော တီချယ်
Romanceတီချယ်ကလေ..နှင်းဆီဆို အနီရဲရဲမှကြိုက်တယ်တဲ့။ ဒါပေမဲ့ အနီရောင်ကိုမုန်းတယ်တဲ့လေ..။သိပ်ကိုနားလည်ရခက်ပါ့လား တီချယ်ရယ်။