ထယ်ယောင်းကူလီကူမာဥာဏ်နဲ့ဂျောင်ဂုကိုအိမ်ပြန်ခေါ်လာပြီးသော်။
" ဒါဘယ်လဲ"
" အိပ်ဖို့လေ။ ကျွန်တော်နည်းနည်းသောက်လာလို့အိပ်ချင်နေပြီ။"
အိပ်ခန်းဘက်ဦးတည်နေတဲ့ထယ်ယောင်းကြောင့် ဂျောင်ဂုလက်ကနေဆွဲထားလိုက်သည်။
" ပြွတ်စ်~ ကိုယ်ချော့သိပ်ရမလား"
နှုတ်ခမ်းကိုတစ်ချက်စုပ်ရင်းပြောလိုက်တဲ့ဂျောင်ဂုကြောင့် ထယ်ယောင်းတွေဝေလျက်။ ထိုအချိန်မှာပဲ ထမြည်လာတဲ့ထယ်ယောင်းရဲ့ဖုန်းကြောင့်ဂျောင်ဂုမျက်မှောင်ကျုံ့သွားသည်။
သို့သော်။ ထယ်ယောင်းက တစ်ချက်သာထုတ်ကြည့်ပြီးစက်ပိတ်လိုက်တော့၏။
" ဘယ်သူဆက်တာလဲ"
" ဗျာ"
" ဘယ်သူဆက်တာလဲလို့"
" ဟို~"
" အမှန်တိုင်းပြော ကိုယ်စိတ်မစိုးဘူး။"
" အဲဒါ ဟိုတစ်နေ့ကတွေ့ခဲ့တဲ့ ကျူရှင်ဆရာမဆိုတဲ့တစ်ယောက်။"
" ဘာ!"
" အာ သူ့ကိုဖျက်လိုက်ပြီ အတူလည်းမအိပ်ခဲ့ဘူးနော်လုံးဝပဲ။ တကယ်မအိပ်ခဲ့တာ။"
ဘာမှပြန်မပြောပဲပါးစောင်ကိုလျှာနဲ့ထိုးပြီး လှည့်ထွက်သွားတဲ့ဂျောင်ဂုကြောင့်။ ထယ်ယောင်းအမြန်ပြေးကာ ရှေ့တည့်တည့်ကနေလက်နှစ်ဖက်ကိုဆန့်တန်းထားလိုက်သည်။
"ဖယ်"
" ဖယ်လိုက်ရင် ကိုကို ကHotelပြန်သွားဦးမှာမလား။ မဖယ်ဘူး ဒီညကျွန်တော်နဲ့အိပ်။"
ထယ်ယောင်းရဲ့အပြောကိုသဘောလည်းကျသလိုရယ်လည်းရယ်ချင်သည်။ အဘယ်ကြောင့်ဆို။
ကားပေါ်မှာ ဖုန်းမေ့ကျန်ခဲ့သည့်အတွက်သွားယူဖို့ရာဖြစ်သည်။ ဒါကိုတလွဲထင်နေတဲ့ ဒင်းလေးကစကားအကုန်ထုတ်ပြောတော့၏။
ဂျောင်ဂုလည်း ထယ်ယောင်းကိုစချင်တာနှင့်မျက်နှာကိုချက်ခြင်းတည်ပြစ်လိုက်သည်။
" ကိုကိုတွေဘာတွေမကြားချင်ဘူး။ အခုဖယ်ကလေး။"
" တကယ်ပြောတာပါဆို!။ တစ်ခြားမိန်းကလေးတွေနဲ့အိပ်လို့မရတော့ဘူး။ မျက်စိထဲမှာ အဟမ်း! မျက်စိထဲမှာကိုကို့ ကိုပဲမြင်နေလို့။"