(110.1) "ကိုယ်က ကိုယ့်ရဲ့ဇနီးလေးကို အိမ်ပြန်ဖို့ လာကြိုတာ"

2K 271 0
                                    

Unicode

"ကိုယ်က ကိုယ့်ရဲ့ဇနီးလေးကို အိမ်ပြန်ဖို့ လာကြိုတာ"

ရှန်ချင်းရှုကတော့ စဥ်းတောင်မစဥ်းစားခဲ့ဘူး။

"အဲလိုလုပ်ဖို့မလိုပါဘူး"


"ကျွန်တော့်ဆီကိုမလာသရွေ့ ခွေးတွေကို သူတို့ဘာသာပဲ ကိုက်ခိုင်းလိုက်လေ.. ကျွန်တော်ကတော့ ဝင်ပါရမှာကို အရမ်းပျင်းတယ်"


ဟန်ချောင်ကလည်း သူ့ကိုဖြောင်းဖျဖို့အလျင်မလိုပါဘူး။ ဒါက ရှန်ချင်းရှုအတွက် ရှန်မိသားစုနဲ့လမ်းခွဲဖို့ နောက်ဆုံးအခိုက်အတန့်မှ မဟုတ်သေးတာပဲ။ ဒီတော့ အလျင်လိုနေစရာမလိုသေးဘူး။


သူက ရှန်ချင်းရှုကိုဖုန်းမခေါ်ခင်ကတည်းက တွေးထားပြီးသားပဲ။ ရှန်ချင်းရှုသာ သူ့ရဲ့မိဘတွေကို ကူညီပေးချင်ရင် သူက ကူညီပေးမယ်။

တကယ်လို့ ရှန်ချင်းရှုက မလုပ်ချင်ဘူးဆိုရင်တော့ သူက တောင်ထိပ်ပေါ်မှာထိုင်နေရင်း ခွေးတွေကိုက်တာကို ကြည့်နေမှာပဲ။ နှစ်ဖက်လုံးအထိနာသွားပြီဆိုရင်တော့ ရှန်ချင်းရှုကို မေးရလိမ့်မယ်။ ထိုသူသာ သူ့ရဲ့အခွင့်အရေးတွေကိုလိုချင်မယ်ဆိုရင် ရှိသမျှအရာအားလုံးကို ရှန်ချင်းရှုအတွက်ပြန်ယူပေးမယ်။


ဒီအချိန်က သိပ်ပြီးဇာတ်ရှိန်မမြင့်သေးတာကြောင့် ရှန်ချင်းရှုကူညီချင်တာဖြစ်ဖြစ် မကူညီချင်တာဖြစ်ဖြစ် ကိစ္စမရှိသေးဘူး။ ထိုလူငယ်လေးက ဖြစ်နေတဲ့ကိစ္စတွေကို သိရှိရန်သာလိုအပ်ပြီး ဟန်ချောင်က ကျန်တဲ့အရာတွေကို ပျော်ပျော်ကြီးလုပ်ပေးသွားမှာ။

"ကောင်းပြီ.. ကိုယ်အဲဒါကို လွှတ်ထားပေးလိုက်မယ်.. မင်းရဲ့မိဘတွေနဲ့ ရှန်ချင်းယွီတို့ အဆုံးသတ်မှာ ဘာဖြစ်သွားမလဲဆိုတာ ကြည့်ကြတာပေါ့"

" ဘာတွေဖြစ်မလဲဆိုတာ မေးနေစရာတောင်မလိုအပ်ပါဘူး သူတို့က ရှန်ချင်းယွီကိုပဲရွေးမှာ.. ဒါကြောင့် သူတို့ကိုယ်တိုင်ပဲ အကောင်းကိုရောအဆိုးကိုပါလက်ခံရလိမ့်မယ်"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now