(110.2)
"ကိုယ်ရဲ့ဇနီးလေးကို အိမ်ပြန်ဖို့ လာခေါ်တာ"
ရှန်ချင်းရှု ဟိုတယ်ကိုပြန်ကာ ရေချိုးပြီး အဝတ်အစားလဲလိုက်တယ်။ ပြီးနောက် ရိုက်ကွင်းကိုပြန်လာခဲ့ပြန်တယ်။
ရိုက်ကူးရေးအဖွဲ့မှ တိုက်ခိုက်ရေးဆရာက နောက်လာမယ့်ဇာတ်ဝင်ခန်းအတွက် သရုပ်ဆောင်ကို ချည်နှောင်ထားတဲ့အချိန်မှာ ဘယ်လိုမျိုးလွတ်မြောက်အောင်လှုပ်ရှားရမလဲဆိုတာ သင်ပေးနေခဲ့တယ်။ သူက ကြိုးတစ်ချောင်းကို ထုံးဖွဲ့ချည်နှောင်လိုက်တယ်။
ရှန်ချင်းရှု အနားကိုကပ်ကြည့်လိုက်တော့ ထိုဆရာရဲ့စကားကိုကြားလိုက်ရတယ်။
" မင်း ကြိုးထုံးကို ဒီလိုမျိုးချည်လိုက်.. ပြီးရင် ဒီလိုမျိုးဖြည်လိုက်လို့ရပြီ"သူ သူ့ရဲ့လက်ထောက်ကိုခေါ်လိုက်ပြီး သရုတ်ဆောင်နှစ်ယောက်ကို သရုပ်ပြသင်ကြားပေးလိုက်တယ်။
"မရုန်းနဲ့.. မင်းရုန်းလေလေ ကြိုးက ပိုပြီးတင်းကြပ်လာလေလေပဲ..စိတ်မပူပဲ အချိန်ယူရမယ်"
ရှန်ချင်းရှု စပ်စုလိုက်တယ်။
"ကျွန်တော် ဒီလိုမျိုးချည်ကြည့်ရင်ရော ဘယ်လိုလဲ"
သူ ကြိုးတစ်ပင်ကိုယူပြီး ထုံးပြလိုက်တယ်။
ဆရာက အပြုံးနဲ့ပြန်ဖြေလာတယ် ။
"အတူတူပဲ စိတ်မပူနဲ့. မင်း ဒါကို ဒီလိုမျိုး ဖြည်လိုက်လို့ရတယ်"သူက နောက်တစ်ကြိမ် သရုပ်ပြပေးလာတယ် ။ ပြီးနောက် ရှန်ချင်းရှု သူ့ကိုသူချည်ကြည့်လိုက်တယ်။ တကယ်တမ်းမှာကျတော့ ပြန်ဖြည်ဖို့မလွယ်ကူပဲ အချိန်အနည်းငယ်ယူရတယ်။
သူက ကြိုးကိုယူကာ ဆရာကို သူ့ဆီမှာချည်ပေးဖို့တောင်းဆိုလိုက်ပြီး ကိုယ့်ဘာသာကိုယ် လေ့ကျင့်ကြည့်လိုက်တယ်။
သူက လက်ကိုချည်နှောင်ခံထားရလျက်ပြန်လာတာကိုမြင်တော့ ကျိုးကျင်းမင် စိတ်ရှုတ်ထွေးစွာမေးလာတယ်။
"မင်း ဘာတွေလုပ်နေတာလဲ"" သိုင်းပညာလေ့ကျင့်နေတာလေ"
ရှန်ချင်းရှု ပြမ်ဖြေလိုက်တယ်။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasía_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer