🎶''သီတင်းကျွတ်ညလေး တစ်ည ပြန်လည်ကာ အမှတ်ရမိပါတယ်...မီးကလေးတွေ ထွန်းတော့ စည်ပါတယ် မီးထွန်းပွဲတော်မယ်''🎶
''ဖွင့်လည်း ဖွင့်နိုင်တယ်ကွာ...နားတွေကို ညီးနေတာပဲ''
ဖတ်လက်စ စာအုပ်ကို ဘေးသို့ ဆောင့်အောင့်ချရင်း လင်းရောင် စိတ်ပျက်လက်ပျက် ညည်းညူမိသည်။
သီတင်းကျွတ် ကျောင်းပိတ်ရက်ကလေး ရတုန်း အိမ်မှာ စာအုပ်ဖတ်ရင်း အဝနားမလား စိတ်ကူးပါတယ်။
မိုးလင်းကတည်းက ဖွင့်လိုက်တဲ့ ဒီသီချင်း ခုညနက်တဲ့ထိလည်း မရပ်သေး။
သီတင်းကျွတ်တာကနေ လူပါ တစ်ခါတည်း ကျွတ်တန်းဝင်ချင်လာပြီ။ဒီကြားထဲ လမ်းထဲက ကျောင်းပိတ်ရက် ရထားတဲ့ကလေးတွေက သောင်းကျန်းကြတာ တစ်လမ်းလုံး ဆူညံ ပွက်လောရိုက်။ စာဖတ်ဖို့ကို ဘယ်လိုမှကို အာရုံမရနိုင်တော့။
ဘေးချလိုက်သည့် စာအုပ်အဖုံးလေးကို ကြည့်ရင်း သက်ပြင်းချမိသည်။
သူ ဖတ်သည့် စာအုပ်တွေကလည်း တိတ်တိတ်ဆိတ်ဆိတ် ပတ်ဝန်းကျင်တွင် ဈာန်ဝင်စားပြီးဖတ်မှ စိတ်လှုပ်ရှားရ၊ ရင်ခုန်ရတာပင်။
မဟုတ်ဆို ဂမ္ဘီရစာပေအမျိုးအစားတွေကိုး။သရဲ၊ တစေ္ဆ စသည့် နာနာဘာဝ ဝတ္တုတွေ၊ နတ်နဂါးတို့လို ဒဏ္ဋာရီဆန်ဆန် ဇာတ်လမ်းတွေကို လင်းရောင် အလွန်ခုန်မင်သည်။ အထက်တန်းကျောင်းကတည်းက နားချိန်ရတိုင်း အဲ့လိုစာအုပ်တွေ၊ ဝတ္ထုတွေသာ ဖတ်ဖြစ်ခဲ့သည်သာ။ ခုလည်း သီတင်းကျွတ် ကျောင်းပိတ်ရက်လေးရတုန်း စုဆောင်းထားသမျှ စာအုပ်တွေ ထုတ်ဖတ်မည်ကြံကာမှ ရပ်ကွက်၏ နှိပ်စက်မှုကို ခံနေရပြီ။
စိတ်လေးလျှော့ Headphones လေး ယူတပ်ပြီး စာအုပ်လေး ပြန်ကိုင်မယ် လုပ်ရုံရှိသေး...
ကလင့်ကလင်ကလင့်ကလင်..ကလင်
''ကျစ်...''
စိတ်မရှည်စွာဖြင့် အားသွင်းထားသော ဖုန်းကို ဆတ်ခနဲ ယူဖြေလိုက်တော့ တစ်ဖက်က ငမျိုး၏ အသံက အလောတကြီး ထွက်လာသည်။
''ဟေ့ရောင် ငါတို့ အားလုံးရောက်နေပြီနော်...မင်းပဲ ကျန်တော့တာ...''
YOU ARE READING
"Miracle in Thadingyut"
Romance"သီတင်းကျွတ်အမှတ်တရ One Shot လေးပါ။ ပေါ့ပေါ့ပါးပါး အချိုလေးပါပဲရှင် "🎆