ဂျောင်ဂုအိပ်ယာနိုးနိုးခြင်းထယ်ယောင်းကိုလိုက်ရှာပေမယ့်ဘယ်မှမတွေ့တာကြောင့် မကျေနပ်သော်လည်းအိမ်မှာသာ စောင့်နေလိုက်သည်။
အချိန်သည်ကား။ နေ့လယ်ခင်းဖြစ်၍ထမင်းစားဖို့ရာဂျောင်ဂုချက်ပြုတ်နေလိုက်သည်။
ထိုအချိန်အိမ်ရှေ့တွင်ကားရပ်သံကြားတဲ့အတွက်ဟင်းအိုးကိုမီးပိတ်ပြီးထွက်ကြိုသည်။
" ကလေး ဘယ်ကပြန်လာတာလဲ။ ကိုယ့်မှာတော့နိုးနိုးခြင်းလိုက်ရှာနေတာ။"
" ကိုကို"
မျက်နှာမလှစွာခေါ်လိုက်သည့်ထိုနာမ်စားသည် ဒီတစ်ခါမှာတော့ ချွဲနွဲ့ခြင်းလည်းမရှိသလို၊ရွှင်ပြလည်းမနေပေ။
" ကျွန်တော့်ကိုဖက်ထားပေး"
" ဟင် ရုတ်တရက်ကြီး"
" အင်း ရုတ်တရက်ကြီးပဲ"
" လာခဲ့ ကိုယ်ဖက်ထားပေးမယ်"
ဂျောင်ဂုလက်ကိုဆန့်တန်းပြီးခေါ်လိုက်သော် ထယ်ယောင်းသည်ရင်ခွင်နွေးနွေးအတွင်းသို့ခိုဝင်လိုက်၏။
ဂျောင်ဂုလည်းထယ်ယောင်းခေါင်းကိုပွတ်သပ်ပေးရင်း။
" ကိုယ့်ကလေးလေး ဘာဖြစ်လာလို့လဲ။ အဖေနဲ့ပြဿနာဖြစ်လာတာလား။"
ပုခုံးကိုမှီထားတဲ့ပြီးမျက်နှာမဖော်ပဲခေါင်းငြိမ့်ပြလိုက်သည်။
အင်္ကျီစစိုဆွတ်လာတဲ့အတွက် ထယ်ယောင်းငိုနေသည်မှာအတတ်သိသည်။
ထို့ကြောင့်။ ဂျောင်ဂုလည်း ထယ်ယောင်းကျောကိုပွတ်ပေးရင်း ရွှေဝါရောင်ဆံသားတို့ကိုတစ်ဖွဖွနမ်းသည်။
ထယ်ယောင်းလည်း ဂျောင်ဂုရဲ့ခါးကိုခတ်တင်းတင်းဖတ်ထားပေမယ့်အတွေးတွေကတော့လွန်ခဲ့သောနာရီပိုင်းသို့ပျန့်လွန့်နေသည်။
(ဆောအူနှင့်တွေ့စဥ်အချိန်)
'''''''''''''''''''
နောက်ကြောင်းပြန်ခြင်း
'''''''''''''''''''" ဘာပြောမို့လဲBabe"
ဆောအူကိုသင်တန်းကနေ ပန်းခြံကိုခေါ်ထုတ်လာခဲ့သည်။
အခု နှစ်ယောက်သား ပန်းခြံရှိရေပန်းဘေး၌ရပ်နေကြခြင်း ဖြစ်၏။