Chapter 4

189 14 2
                                    

"တစုံ တခုဟာ အ‌ရေးပါဆုံးအရာ ဖြစ်ခဲ့တယ်
ဒါပေမဲ့ ငါမေ့နေတာက ပထမဦးစားပေး‌ဆိုတာနေ့တိုင်းပြောင်းလဲနေတယ်ဆိုတာပဲ"

တကယ်တော့ အီယူ့မှာ သူငယ်ချင်း နည်းနည်းပဲရှိတာ၊အသိအကျွမ်းမရှိတာ၊အီယူကိုဘယ်သူမှ စကားမပြောကြတာ၊ ဘယ်သူမှ အာရုံမစိုက်ကြသည့်အကြောင်းကို အရင်က သိပ်များများစားစားမတွေးခဲ့ဖူးပါ။

အီယူ့ကို သိတဲ့သူက အနည်းငယ်သာရှိသည်။
ကိတ်က တစ်ယောက်အပါအဝင်ဖြစ်သည်။
ဒါပေမဲ့ တယောက် ကလဲ မလုံလောက်ပါ။

အီယူ့ကို ဘယ်သူတွေ ချစ်ပေးလဲဆိုတာအီယူသိသည်။ အီယူ တစုံတယောက်ကို လိုအပ်သည့်အချိန်တိုင်း အီယူမေ‌မေက အီယူ့ကိုဘယ်တော့မှ မထားခဲ့ပါ၊ မေမေက အီယူ့ကိုအချစ်နှင့်နွေးထွေးမူများစွာပေးသည်။

အီယူ့ရဲ့အဆိုးရွားဆုံး ဖြစ်ခဲ့သော အခိုက်အတံ့များတွင် မေမေကအီယူ့ကိုဂရုစိုက်ပေးသည်။

အီယူ့ရဲ့ မမ Jay Homကလဲအီယူ့ကိုမထားခဲ့ဖူးဆိုတာ အီယူယုံသည်။အီယူငိုသည့်အချိန်တိုင်း မမက အီယူ့ကို ဖက်ထားပေးပြီး နဖူးကိုနမ်းတတ်သည်။အီယူ့အနားမှာထိုင်ပြီး ပြုံးပြပြီး အီယူ ခံစားချက်ကောင်းလာသည်အထိရှိနေပေးသည်။

ပြီးတော့ ပိုတာက P'Paoကလဲအီယူ့ကိုချစ်တယ်ဆိုတာ သေချာသည်။P'Paoက တခြားကလေး တယောက်ကိုအီယူ့ထက်ပိုချစ်မှာကြောက်ပြီးစောဒက တတ်မိပေမဲ့P'Paoကတော့ အီယူ့ကိုချစ်မြဲဖြစ်သည်။

ဒါပေမဲ့ ကိတ် ကိုတော့ အီယူမသေချာပါ၊ ကိတ်က အီယူ့ကိုအရင်လိုပဲသဘောကျနေသေးလားဆိုတာအီယူသေချာမသိပါ။
တခြားလူတွေထက် အီယူ့အပေါ်အချစ်လျော့သွားပြီလား။ အီယူ့ကို မလိုချင်တော့ဖူးလား

ဒါမှမဟုတ်ရင် အရင်လိုပဲလား? တခြားသူတွေကိုပိုချစ်တာလား?

အီယူသေချာမသိပါ။

"Uhm"

အခုက နေရောင်တောက်ပသော မနက်ခင်းဖြစ်သည်။အီယူက လည်ချောင်းတွေမီးလို ပူခြစ်ပြီး ၊ အပူကြောင့်မျက်ရည်များကျပြီး သက်တောင့်သက်သာမရှိစွာနိုးထလာသည်။

အချစ်ဦးနှင့်ဖြစ်နိုင်ချေ12%Where stories live. Discover now