intro

3.9K 148 4
                                    

Zawgyi

ဒီFicလေးကိုတော့စင်ဒရဲလားမင်းသမီး
ပုံပြင်လေးကိုမှီငြမ်းပြီးရေးသားထားပါ
တယ်...
တရုတ်နိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီတွေထဲက
ထိပ်တန်းTop 1စရင်းဝင်တဲ့ကုမ္ပဏီ၁ခုက
တော့Xiaoကုမ္ပဏီပင်...

Xiaoကုမ္ပဏီရဲ့ပိုင်ရှင်ကတော့
သူဌေးရှောင်ကျိုးရန်ပဲဖြစ်တယ်...
သူ့မှာအရမ်းချစ်ရတဲ့ဇနီးရှောင်ယွီအော်နဲ့
၁ဦးတည်းသောသားလေးရှောင်ကျန့်ဆို
တာရှိတယ်...

ရှောင်ကျန့်လေးကအသက်၈နှစ်ပဲရှိသေး
တယ်...
အရမ်းချစ်စရာကောင်းပြီးရုပ်မြင်ချစ်ခင်
အသံကြားသနားဆိုသလိုသူ့ကိုမြင်တဲ့သူ
တိုင်းမချစ်ပဲမနေနိုင်ကြ...
၁ချက်လောက်တော့မွှေးမွှေးပေးလိုက်ရမှ...
ရှောင်ကျန့်လေးကအရမ်းလဲကြင်နာသနား
တတ်ပြီးစိတ်ထားလေးကလဲလှတယ်...

ညဘက်အိပ်ယာဝင်ရင်သူ့မားဖတ်ပြနေ
ကြစင်ဒရဲလားပုံပြင်လေးကိုနားထောင်ပြီး
မှအိပ်တတ်တယ်...
သူလဲ၁နေ့ကြရင်စင်ဒရဲလားမင်းသမီးလေး
လိုစိတ်ထားနူးညံ့ပြီးကြင်နာတတ်တဲ့
မိန်ကလေးမျိုးနဲ့ပဲလက်ထက်မယ်လို့ရည်
ရွယ်ထားတယ်...
လက်ထက်ပြီးရင်ဒီအိမ်တော်ကြီးမှာပဲ
ပါးပါးနဲ့မားမားရယ်...သူ့ရဲ့ချစ်ဇနီးလောင်း
လေးရယ်...သူရယ်နဲ့သူ့ရဲ့ချစ်ရတဲ့ကြောင်
လေးကျင်းကော်ရယ်နဲ့၁သက်လုံးပျော်ပျော်
ရွှင်ရွှင်နေသွားကြမယ်ပေါ့...
ကျင်းကော်လေးကရှောင်ကျန့်အသက်
၈နှစ်ပြည့်မွေးနေ့မှာသူ့မားမွေးနေ့
လက်ဆောင်ပေးထားတာလေ...

ဒါပေမဲ့၈နှစ်သားလေးရဲ့စိတ်ကူးတွေက
ကြာကြာမခံခဲ့ပါဘူး...
သူ့မားရှောင်ယွီအော်မကြာခင်မှာပဲ
ကားမတော်တဆဖြစ်ပြီးဆုံးပါးသွားခဲ့
တယ်...
ပျော်ရွှင်မှုတွေပြည့်လျှံနေတဲ့အိမ်တော်ကြီး
ထဲမှာတိတ်ဆိတ်မှုကနေရာဝင်ယူလာခဲ့
တယ်...

ရှောင်ကျိုးရန်ကလဲကုမ္ပဏီ၁ဖက်နဲ့မို့
ရှောင်ကျန့်လေးမှာအိမ်တော်ထိန်းတွေနဲ့
သာနေရတယ်...
အဲ့လိုနဲ့ရှောင်ကျန့်လေး၁၀နှစ်အရွယ်
လောက်ရောက်တော့ရှောင်ကျန့်လေးကို
မိခင်မေတ္တာတွေပေးနိုင်မဲ့သူ၁ယောက်
နဲ့ရှောင်ကျိုးရန်လက်ထက်လိုက်တယ်...
သူ့ရဲ့အတွင်းရေးမှူးဖြစ်တဲ့ဝန်းမေအော်
ဆိုတဲ့သူလေ...
ကလေး၂ယောက်တစ်ခုလတ်သူ့အနား
မှာလဲသစ္စာရှိရှိအလုပ်လုပ်လာတာကြာ
ပြီလေ...

Cinderellaနဲ့တူတဲ့ကျွန်တော့်ဘဝWhere stories live. Discover now