အခန်းတွင်းသို့ဝင်လာသူများကိုမူ ခီရာကကျောခိုင်းထားသလို အထူးတလည်လှည့်လည်းကြည့်မနေပါ။ သို့ပေမဲ့ ထိုထဲကမှတစ်ယောက်ကတော့ အခုတင်လော့ခ်ချထားသောတံခါးကို master key သုံးပြီးဝင်လာသူဖြစ်ပြီး ၊ နောက်တစ်ယောက်မှာတော့ ခီရာ့၏တူတော်မောင်ပင် ။
ဂိုဏ်းကအထူးသတ်မှတ်ထားသောဝတ်စုံတွင် ပခုံးနေရာ၌ငွေရောင်လိုင်းများတပ်ဆင်ချုပ်လုပ်ထားပြီး ... ဤသည်ကထိုပုဂ္ဂိုလ်၏ ရာထူးအဆင့်အတန်းကိုပြခြင်းပင်။ ဦးတေဇခီရာကတော့ ရွှေနှင့်ငွေတွဲဖက်ထားသည့်စလွယ်ကိုဝတ်ဆင်သည် ။ ထိုသည်ကား ဂိုဏ်းချုပ်ဟူသော ရာထူးကိုသရုပ်ဖော်၏။
ယခုအချိန်ထိတော့ ရွှေရောင်လိုင်းကွပ်တပ်ဆင်ထားသောဝတ်စုံကိုဝတ်ဆင်နိုင်သူမရှိသေးပါ။ အဆက်ကိုပြန်ဆိုရပါလျှင် အနှီငွေရောင်လိုင်းကွပ်ကိုဝတ်ဆင်သူသည်ကား မည်သူနည်း။
မဟာအံ့ဝန်းသို ။ ဦးတေဇခီရာ၏မွေးစားသား ၊ ခီရာပြန်ရောက်မလာခင်အထိ နောင်ဆက်ခံမည့်ဂိုဏ်းချုပ်နေရာတွင်လျှာထားခံရသူ ၊ ဂိုဏ်း၏ဒုတိယမြောက်အာဏာအရှိဆုံးလူပင် ။
ယခင်ရက်တွေက ခီရာနှင့်မတွေ့ဆုံဖြစ်သည်မှာ ဦးတေဇက အံ့ဝန်းသိုအား ဂိုဏ်း၏နယ်မြေချဲ့ထွင်ဖို့စေခိုင်းထားခြင်းကြောင့်ပင် ။ ထိုလူသည် ဦးတေဇအားထားရသူပီပီ အလုပ်လုပ်ရာတွင်စေ့စပ်သေချာလှ၏။ အံ့ဝန်းသို၏ အပြောင်မြောက်ဆုံးလုပ်ရပ်တစ်ခုကိုပြပါဆိုလျှင် အနီးစပ်ဆုံး မဟူရာဦးေသျှာင်ကိုလုပ်ကြံခဲ့ခြင်းနှင့် သဘာပတိခီရာကိုဖမ်းခေါ်လာနိုင်ခဲ့ခြင်းကို လက်ညိုးထိုးပြရပေမည်။
ခီရာ့၏တူတော်မောင်ကတော့ အဖိုးဖြစ်သူက အခေါ်လွှတ်လိုက်သောကြောင့်ရောက်လာခြင်းဖြစ်သည် ။ နှစ်ယောက်သားအခန်းထဲကိုရောက်တော့ တင်းမာနေသောလေထုကို ခံစားမိသွားကြ၏။ မဟာအံ့ဝန်းသိုကတော့ မသိလိုက်မသိဖာသာ,သာနေကာ ဦးတေဇခီရာအားနှုတ်ဆက်လိုက်သည်။
"ဖခင်...ကျွန်တော်ပြန်ရောက်ပါပြီ ။ လုပ်ငန်းကိစ်စအစစအရာရာအဆင်ပြေခဲ့ပါတယ်"
ခီရာနဲ့တုန်းကမှုန်ကုတ်နေသော ဦးတေဇခီရာ၏မျက်နှာမှာ အံ့ဝန်းသိုဝင်လာကာမှအနည်းငယ်ကြည်လင်လာ၏။
ESTÁS LEYENDO
နိယာမ(Desire) [ခေတ္တရပ်နား]
RomanceRead? Or else Leave ..... ယခု fiction တွင်ပါဝင်သောအကြောင်းအရာများသည် သွေးထွက်သံယိုအခန်းများ ၊ စိတ်မချမ်းမြေ့ဖွယ်အခြေအနေများ ၊ အသုံးအနှုန်းကြမ်းများပါဝင်နိုင်ပါသဖြင့် warning 20+ ပေးထားပါသည်။ ထို့ကြောင့် ဖတ်မည်ဆိုပါက read ur own risk guys!