A & C - 09

2.1K 241 146
                                    

*Unicode*

အချိန်အားဖြင့် ည 8:46 Pm
အလင်းရေးရေးတောင်မရှိဘဲ အမှောင်အတိချထားသော ကင်မ်အိမ်တော် ကင်မ်သခင်လေး၏ အိပ်ခန်း။

ကျယ်ပြန့်သော နှစ်ယောက်အိပ်ကုတင်ကြီးအလယ် နှစ်ခြိုက်စွာ အသက်ရှူနှုန်းမှန်မှန်ဖြင့်အိပ်ပျော်နေသော ကင်မ်ထယ်ယောင်းရဲ့စီးကရက်သက်ရှိလေး ခေါ် ဂျွန်ဂျောင်ဂု။
ဖြူဥ၍သွေးကြောစိမ်းစိမ်းလေးများ ထင်းနေသည့် ခြေကောက်ဝတ်ထက် သံကြိိုးများရစ်နှောင်ထားကာ ကုတင်တိုင်ဖြင့်တွဲ၍ချည်နှောင်ထားလျက်။

ကုတင်ဘေး ခြေလှမ်း 5 လှမ်းလောက်အကွာတွင်ရှိနေသော ဆိုဖာပေါ်တွင် မှောင်ရိပ်ထဲ အကျအနထိုင်ကာ စီးကရက်အား ဟန်ပါပါရှိုက်ဖွာနေသူသည် အိပ်နေသူအား မျက်ခုံးတွေတွန့်ချိုးကာ စိုက်ကြည့်၍နေသည်။ စဥ်းစားဟန်ပြုနေသော ထုံရီရီမျက်ဝန်းတွေက ပုံမှန်အချိန်တွေလို မစူးရဲနိုင်ဖြစ်နေရသည်။

တစ်ချက်တစ်ချက်မှုတ်ထုတ်လိုက်သော စီးကရက်ငွေ့တို့ကား အခန်းထဲမွှန်ထူ၍ပင်နေလေပြီ။

မောင် ထိုင်စဥ်းစားနေတာ သူလေးအိပ်ကတည်းက။ ပြာခွက်ထဲက စီးကရက်တို အမြောက်အမြားကြည့်ခြင်းဖြင့် အလိမ်အညာမဟုတ်ကြောင်းလဲသိနိုင်သည်။ သို့သော် အဖြေဟာ မရေမရာသာထွက်နေခဲ့ဆဲ။ ခံစားချက်တွေက ဘာကြောင့်အဖြေရှာရသိပ်ခက်ရတာလဲ။

"တကယ်ဘဲ ချစ်တာလား...မုန်းတာလားကွာ"

စီးကရက်ငွေ့ကို လိုချင်တဲ့အဖြေမထွက်လာ၍ ထပ်မံမှုတ်ထုတ်မိပြန်ပြီ။

လှလှလေးမြင်နေရရင် သဘောကျတယ်..မင်းကိုမောင့်လောင်းရိပ်အောက်မှာ ချုပ်နှောင်ထားရတာလည်းသဘောကျတယ် မောင့်ကြောင့်မင်းမျက်ဝန်းတွေငွေ့ရည်ဖွဲ့လာရင် ပိုပြီးနှစ်သက်အားရတယ်

Body ကောက်ကြောင်းသိပ်လှတဲ့ ဒီကောင့်အပိုင်ဟာ သေးသွယ်သွယ်အမျိုးသားလေးမဟုတ်ဘူး။ ယောက်ျားသားပဲ ထွားတာပေါ့ တော်တော့်ကို။
ဒါပေမယ့် ဒါပေမယ့်လေ Over size တွေပဲဝတ်တတ်တဲ့ စီးကရက်လေးကြောင့်ပဲလား။ ဒီကောင်ကပဲ အမြင်အာရုံအားနည်းလာလို့များလား ဂျွန်ဂျောင်ဂုဟာ ဒီကောင့်အမြင်မှာ ဖြူဖြူလုံးလုံးပိစိလေး။
အပြစ်ကင်းတဲ့မျက်ဝန်းဝိုင်း။ ကြီးသယောင် လုံးနေသောနှာတံထိပ်ဖျား။ ဖောင်းအစ်ကားထွက်နေသောပါးမို့မို့။ နီရဲပါးလွှာသော နှုတ်ခမ်း။ ယုန်သွားကြီးကြီး။ အားလုံးခြုံကြည့်ရင် ကလေးမျက်နှာ။

Alcohol and Cigarette(Complete) Where stories live. Discover now