မမလူဆိုး Ep 5

561 42 2
                                    


"မမ...မမခက် ထစမ်းပါ နိုင်ကိုကျောင်းလိုက်ပို့"
နိုင်တို့ဆက်ဆံရေးက စတွေ့ခါစလောက်တင်းမာမနေတော့ ခုလဲ သူခန်းနဲ့ကိုယ်ခန်း အိမ်ဉီးနဲ့ကြမ်းပြင်
"ဟင် ပြော နိုင်ရယ်အစောကြီးရှိသေးတာကို
ဘာကိတ်စ္စတုန်း"
ကိုယ်ပေါ်ကစောင်ကိုဆွဲဖယ်လိုက်ရင်း
"ဒိနေ့ကျောင်းလိုက်ခဲ့ ကန်တင်းမှာစောင့်နေ
နိုင်တို့အပြန်ရုပ်ရှင်သွားကြည့်မှာ အဲ့တာမမခက်လိုက်စောင့်ပေးရမယ်"
"ဟင် နိုင်ဘာသာသွားလဲရတာဘဲကွယ်..."
"ဘယ်ဖြစ်မလဲ ဘွားဘွာဝေက မမခက်ကိုဘဲယုံ
တာလေ "
နိုင်စကားကြောင့် မျက်နှာငယ်လေးနဲ့ မမပန်းခက်ဝေ
"ခက်လဲ ဘွားဘွားဆူမှာကြောက်တယ် ဒိလိုလုပ်ပါလား
နိုင် နောက်မကျခင်ပြန်ရမယ်"
" ဟင်! ပိုးဟက်ကြီး🪳"
"အ အမယ်လေး ... နိုင် "
ရင်ထဲကိုပြေးဝင်လာတဲ့ မမခက်

ဖက်ထားတဲ့သူကြောင့်သွေးကျောတွေ ရုတ်တရက်ပိတ်စို့သွားသလို နုလုံးခုန်သံတို့ပင် မြန်နေသည်။
နိုင်ဟာ မမခက်နဲ့ပတ်သတ်ပြီး တစ်ခုခုထူးဆန်းနေလေပြီ
"ရှိသေးလား နိုင်..."
မျက်လုံးစုံမှိတ်ထားကာ နှုတ်ခမ်းဖျားတို့ပင်ခြောက်ကပ်
ကပ်ဖြစ်လာရသည်။
နိုင် မျက်လုံးတွေ မမခက် နှုတ်ခမ်းပါးရဲရဲ
တွေကိုစိုက်ကြည့်နေရင်း ခနကြာမှ
"ဟားဟား မရှိတော့ဘူး ကြောက်တာလိုက်များ
တာလွန်ရော "
"နိုင်ရယ် ခက်ဖြင့်လန့်သွားတာဘဲ
နိုင် အောက်မှာစောင့်နေလိုက် ခက်လာခဲ့ပါမယ်"
"အိုခေ မမခက်"
နိုင်ဟာ သူဆံနွယ်လှိုင်းခွေတွေကို ပခုံးနောက်
အသာသက်ပြီး ကျောခိုင်းထွက်လာလိုက်တယ်
နိုင် ရင်ခုန်သံစဉ်တွေ သူမကြားလိုက်ဘူးမဟုတ်
လားကွား'

"ဟေ့ နိုင် စောင့်ပါကွာ မြန်လိုက်တာရော"
"မြန်လာနွေးရာ ငါဗိုက်ဆာနေပြီဟ"
ရှေ့ကခပ်မြန်လျှောက်နေသူနောက်ကို ခြေလှမ်း
ကျဲကြီးတွေနဲ့မှီအောင်လိုက်ရင်း
"အမလေး ထက်အာကာကိုမြင်ချင်တာနဲ့ဘဲ
အကြောင်းမသိတာမှတ်လို့ နိုင်ရာ"
နွေးစကားကြောင့် နိုင်ရယ်ချင်သွားသည်
ဟုတ်ရင်လဲဟုတ်မှာပါလေ

"လာ ...နိုင်တို့ ထိုင်ကြ"
ထက်အာကာဘေးက မမခက် နိုင်ကိုမြင်တော့
"နိုင် ချွေးတွေနဲ့ပါလား လာ ခက်သုတ်ပေးမယ်"
"ရတယ် ရတယ်"
မျက်နှာပေါ်လာတင်တဲ့ လက်တွေကိုဖယ်ချလိုက်တယ်
လမ်းလျှောက်လာတုန်းကမရှိပါဘူး ချွေးတွေ
ဒိကန်တင်းရောက်မှစို့လာတာနေမှာ
မမခက်က ပုံမှန်ဝတ်နေကြ ပုံစံမဟုတ်ဘဲ
ဒိနေ့မှ ဘော်ဒီဖစ်အခွဲနဲ့ ပိုလှနေသေးသည်။

မမလူဆိုးWhere stories live. Discover now