သုညို​၏ဖြေရှင်းရခက်သည့်လွဲမှားပုံ(Z+U)

280 53 4
                                    

(Zawgyi)

စားဖိုဆောင်အတွင်းမှ မိန်းမပျိုများဟာ သုညိုနှင့် တစ်ခုလပ်အဒေါ်ကြီးတို့​၏ ပြဿနာဖြေရှင်းနေပုံကို ကြည့်ချင်၊ စပ်စုချင်ကြ၍ အနီးအနားတွင် အုတ်အုတ်သဲသဲဖြစ်လာကြသည်။ဝိုင်းဝန်းကာ ကြည့်နေကြသည့် မိန်းမပျိုများကြောင့် သုညိုခမျာ ရှက်ရှက်နှင့် မျက်နှာမှာ ဇီးရွက်လောက်သာရှိပေရော့မည်။ကြည့်ရှုစပ်စုနေကြသည့် မိန်းမပျိုတို့မှာလည်း မိန်းမတို့သဘာဝအတိုင်း တစ်ယောက်တစ်ပေါက်ဖြင့် အချင်းချင်းတီးတိုးပြောဆိုနေကြသေးသည်။

"ကြည့်စမ်းပါဦး ယောက်မရဲ့၊ကိုလူပျိုက ညိုချောလေးတော့ ချစ်စကားပြောပုံများ လူသိရှင်ကြားပြောပုံထောက်ရင် မရှက်မကြောက်နှင့် အတော်သတ္တိရှိဟန်တူရဲ့"

"ဒေါ်ဒေါ်မြကြင်တို့များ အသက်လေးဆယ်ကျော်မှ ပျိုပျိုရွယ်ရွယ် လူငယ်လေးနှင့် စန်းထတော့မယ်ထင်ပါရဲ့"

"ကိုလူပျိုက မင်းနေပြည်က လာတဲ့ တပ်မှူးရဲ့ အထိန်းတော်ဆိုပဲ။အသားညိုညို တောင့်တောင့်တင်းတင်းနှင့် အလုံးစုံပြိုလဲလို့ အားကိုးချင်စရာကောင်းပါပေ့"

ထိုကဲ့သို့ တစ်ယောက်တစ်မျိုး ပြောနေကြသည့် စကားများကို ပြောသူက မရှက်ပါဘဲ ကြားနာရသူ အမောင်သုညိုက ရှက်သည်းပို၍ ပါးပြင်များပင် ထူပူလာ​၏။

"ကျုပ်တို့ရဲ့ ဒေါ်ဒေါ်များလေ စန်းထချင်တော့လည်း ဟောသည်လို ကိုလူပျိုအညိုစင်လေးနှင့်မှ စန်းထရတယ်လို့တော်။နောင်များရဖို့မလွယ်ဘူး အမိသာဖမ်းထား ဒေါ်ဒေါ်ရေ"

လူအုပ်ကြားမှ ထိုးထွက်လာသည့် မိန်းမပျိုတစ်ယောက်​၏ ရွတ်နောက်နောက်စကားကြောင့် သုညိုလည်း မခံနိုင်တော့ဘဲ ရှက်၍ နှုတ်ဆိတ်နေခဲ့ရာမှ ပြန်ပြောလေတော့သည်။

"ဟောဟိုနားက အမိ။အကြောင်းစုံကို သေချာမသိပါဘဲ ယခုလို ရမ်းသန်းပြီး မပြောပါနှင့်လေ။ကျုပ်က ဟောသည့်ဒေါ်ဒေါ်ကို အမှန်ပင် မေတ္တာမရှိရိုးမှန်ပါရဲ့။အမိတို့ဘာသာ အမိတို့ အထင်လွဲနေကြတာပါ့"

"အိုတော် ပြောတုန်းကဖြင့် စားဖိုဆောင်တစ်ခုလုံးကြားသိအောင် အော်ပြောခဲ့ပြီးမှ ယခုလိုလုပ်တာဟာ ဘာသဘောများလဲ။ဒါဟာ ကျုပ်တို့ရဲ့ဒေါ်ဒေါ်နှင့်အတူ မိန်းမသားတွေကို သက်သက်မဲ့ အရှက်ခွဲတာပဲ မဟုတ်လား"

နှင်းဆီအားနိဒါန်းသွယ်လို့ဘယ်ပုံညှာချိုးပါလိမ့်(ဒေဝီခင်)Место, где живут истории. Откройте их для себя