<Zawgyi/>
ဒီနေ့က သူမ ဂျပန်ကိုသွားရမယ့်နေ့ ။
အရမ်းမကြာဘူးဆိုတောင် တစ်လလောက်တော့
ဂျပန်မှာ နေရမယ့် အရေးကို မဝံ့မရဲ ဖြစ်နေသလို ။
အရင်က စာရေးမယ့်ကိစ္စနဲ့ ပတ်သတ်ရင် တက်ကြွနေတယ့် Chaeyoung က အခုတော့
သူမ နံဘေး ထိုင်နေတယ့် Jisoo ကို ကြည့်ရင်း မသွားချင်သလိုလို ။ကလေးဆန်လိုက်တာ ၊ သူမက
ဆယ်ကျော်သက်အရွယ်လည်း မဟုတ်ဘဲနဲ့ ။" Young မရှိတော့ ကိုယ့်ဟာကိုယ်
ဂရုစိုက်နော်...အလုပ်ပဲ အရမ်းလုပ်မနေနဲ့ "Jisoo မျက်နှာက အနည်းငယ်ချောင်ကျ
သွားတာ Chaeyoung သတိထားမိတယ် ။ ဘာတွေဖြစ်နေလဲဆိုတာကို ထုံးစံအတိုင်း Jisoo က သူမကို မပြောပြပါဘူး ။
ဒါကြောင့် အလုပ်ကိစ္စပင်ပန်းမှုကြောင့်ပဲ နေမှာပါလို့ သူမ မှတ်ယူထားတယ် ။Jisoo က အရမ်းကို
မပွင့်မလင်းရှိတယ့် လူလေ ။" အင်းပါ Young လည်း
ကိုယ့်ကိုကိုယ် ဂရုစိုက် ။ soo က ဒီမှာ
ကောင်း"မွန်" နေနေမှာမို့ စိတ်မပူပါနဲ့..."ချိုချိုသာသာစကာသံနဲ့အတူ ပြုံးနေတယ့် Jisoo ကို သူမ နှစ်ခြိုက်စွာ ပြန်ပြုံးပြမိတယ် ။
ပြီးတော့ သူမ စိတ်ကို အလိုလိုက်၍
Jisoo ရဲ့ရင်ခွင်ထဲ တိုးဝင်မိသည် ။ Jisoo
လန့်သွားမလား အံ့သြသွားမလားတော့ သူမ မသိပါဘူး...။
တစ်လလောက်မတွေ့ရတော့ဘူးဆိုတော့ Chaeyoung
ဒီလောက်တော့ လုပ်လို့ရတယ်
မဟုတ်လား ။ Jisoo ကပါ သူမကို ပြန်
ပွေ့ဖက်လာတော့ Chaeyoung ပိုပြုံးမိသွားတယ် ။ခဏအကြာမှ နှမျောစွာဖြင့်
ပွေ့ဖက်ထားရာက ခွာရင်း" ဟိုရောက်ရင် ဖုန်းဆက်လိုက်မယ်နော်
Soo...။ အိမ်ကိုလည်း ကားကိုဂရုစိုက်မောင်း
ပြီးပြန်နော်..."" အင်းပါ Young ရဲ့...။
Have a safe flight , Young... "Jisoo စကားကို သူမနူးနူးညံ့ညံ့အပြုံးတစ်ခုနဲ့
တုံ့ပြန်ကာ ခေါင်းညိမ့်ရင်း ထိုနေရာက
ထွက်လာခဲ့သည် ။ အခုထိ ခန္ဓာကိုယ်မှာ ချစ်ရသူရဲ့ ရင်ခွင်ငွေ့ကို ခံစားနေရဆဲ...။အနောက်ကိုတော့ ပြန်မလှည့် ကြည့်ဖြစ်တော့ ။
မဟုတ်ရင် သူမ ကလေးဆန်ပြီး Jisoo
ကို ထပ်ပြေးဖက်မိမှာ စိုးရတယ် ။