Part 4 (Unicode)

331 50 11
                                    

မှန်ရှေ့မှာ ဝတ်ထားတဲ့အကျီကိုသေသေသပ်သပ်ဖြစ်အောင်ဆွဲချရင်း ခေါင်းကိုသေသေချာချာဖီးနေတဲ့BibleကိုTongနောက်မှကြည့်ကာ

"အမယ် မင်းကသေချာပြင်ဆင်နေပါလား...ဘာလဲချစ်ရမယ့်သူရှိနေပီလား"

"မဟုတ်ပါဘူးP'Tongရာ"

"ဘာမဟုတ်တာလဲ အရင်ကဆိုမင်းအဲ့လောက်ပြင်ဆင်မနေပါဘူး မှန်မှန်ပြောစမ်း ဘယ်ကောင်မလေးကိုကြွေနေတာလဲ"

BibleလဲTongအနားကိုလျှောက်သွားလိုက်ပီး

"ကောင်မလေးမဟုတ်ဘဲ ကောင်လေးဖြစ်နေရင်ရော P'Tong ကျွန်တော့်ကိုဘယ်လိုမြင်မှာလဲ"

"Hey...တကယ်ကြီးလား...ဒါပေမယ့် ဘာဘဲဖြစ်ဖြစ်ပါ မင်းဟာမင်းဘယ်သူ့ကိုဘဲသဘောကျကျမင်းက အမြဲတမ်းငါ့ညီလေးဖြစ်နေမှာဘဲဟာ...မင်းရွေးချယ်မှု့တိုင်းကိုငါတန်ဖိုးထားပါတယ်"

"P'Tongတကယ်ပြောတာလား"

"တကယ်ပေါ့ကွ...ဒါနဲ့နေပါအုံး ငါ့ညီလေးရဲ့နှလုံးသားကိုပြုစားသွားတာဘယ်ကောင်လေးလဲ"

"ဟီးးးးသူ့နာမည်ကBuiတဲ့....ကျွန်တော်တို့ကျောင်းကဘဲ...သူက ကျွန်တော့်ထက်တော့ကြီးတယ်...Buiကလေ အရမ်းချစ်ဖို့ကောင်းတာဘဲP'Tongရဲ့....ရယ်လိုက်ရင်လဲပါးချိုင့်လေးနဲ့ တကယ်ကိုချစ်စရာလေး"

"မင်းသူ့ကိုကြိုက်နေတာသူသိပီလား"

"No...No ဘယ်ကသာသိရမှာလဲ...ကျွန်တော်ကသူ့အနားတောင်ကပ်ရဲသေးတာမဟုတ်ဘူး"

"ဟေ့ အဲ့လိုတွန့်ဆုတ်မနေနဲ့လေ...တော်ကြာသူများနောက်ပါသွားမှတိုင်ပတ်နေမယ်....စကားလေးဘာလေးပြောပီး ဝင်ရောပေါ့ကွာ...ကဲ ငါလဲဆေးရုံသွားရတော့မယ် မင်းလဲကျောင်းသွားရတော့မှာမဟုတ်လား မြန်မြန်လုပ်နော် ကျောင်းနောက်ကျနေမယ်"

Tongထွက်သွားတော့ BibleလဲTongပြောသလိုBuiကိုတခြားသူတွေဦးသွားမှာကို တကယ်စိုးရိမ်တာမို့ သူစပီးချဥ်းကပ်ဖို့ဆုံးဖြတ်လိုက်လေသည်။

"အင်းးးးဒီနေ့တော့ငါBuiနဲ့စကားပြောပီးBuiနဲ့ရင်းနှီးအောင်နေရမယ်"

ကိုယ့်အတွေးနဲ့ကိုယ်Bibleတစ်ယောက်ကျောင်းရောက်တော့Buiကိုအသဲအသန်ပတ်ရှာပါတော့တယ်။ဘယ်နေရာမှာမှရှာမတွေ့တဲ့အဆုံး သူလက်လျှော့လိုက်ဖို့တွေးကာခုံတန်းတစ်ခုပေါ်မှာထိုင်နေလိုက်လေတော့သည်။

🍀Crush🍀Where stories live. Discover now